<div style='background-color: none transparent;'></div>

Home » » မန္တလေးတွင် ပြုလုပ်နေသည့် ဆန္ဒဖော်ထုတ်ပွဲများ ပြီးဆုံးချိန်တွင် ရွာသွန်းခဲ့သောမိုးကြောင့် လမ်း ၈၀ နှင့် ၇၈ လမ်းတို့တွင် ရေကြီးရေလျှံမှုများ နာရီဝက်အတွင်းဖြစ်ပေါ်ခဲ့

မန္တလေးတွင် ပြုလုပ်နေသည့် ဆန္ဒဖော်ထုတ်ပွဲများ ပြီးဆုံးချိန်တွင် ရွာသွန်းခဲ့သောမိုးကြောင့် လမ်း ၈၀ နှင့် ၇၈ လမ်းတို့တွင် ရေကြီးရေလျှံမှုများ နာရီဝက်အတွင်းဖြစ်ပေါ်ခဲ့


 
ယနေ့ မွန်းလွဲ(၂)နာရီ(၃၀)မိနစ်ကစတင်ရွာသွန်းခဲ့သည့် မိုးကြောင့် မန္တလေးမြို့ရှိ လူသုံးအများဆုံးအဓိကလမ်းမကြီးများဖြစ်သော လမ်း ၈၀ နှင့် ၇၈ လမ်းတို့တွင် ရေကြီးရေလျှံမှုများ နာရီဝက်အတွင်းဖြစ်ပေါ်ခဲ့သည်

အခြားလမ်းအချို့လည်းရေကြီးန
စ်မြှုပ်မှုဖြစ်ပွားခဲ့သည်။ လမ်းပေါ်ရေကြီးရေလျှံမှုကြောင့် ဆိုင်ကယ်နှင့်ကားများပျက်ခြင်း၊
ချို့င့်ခွက်များကိုမမြင်၍ ဆိုင်ကယ်နှင့်စက်ဘီးများ လဲခြင်းတို့ဖြစ်ပေါ်နေသည်ကိုတွေ့ရသည်။ ကျော
င်းဆင်းရုံးဆင်းချိန်ဖြစ်သောကြောင့် ယာဉ်ကြောပိတ်ဆို့မှုများလည်းကြုံတွေ့နေရသည်။

မန္တလေးမြို့တွင် ယခုနှစ်မိုးရာသီအစမှ စ၍ ယနေ့ကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းမရှိခဲ့ကြေ
ာင်း မြို့ခံတစ်ဦးကပြောသည်။
ယနေ့ရွာသွန်းသည့်မိုးသည် တိုက်ဆိုင်စွာပင် မန္တလေးတွင် ပြုလုပ်နေသည့် ဆန္ဒဖော်ထုတ်ပွဲများ ပြီးဆုံးချိန်တွင် ရွာသွန်းခဲ့ခြင်းဖြစ်သည်။


ဓာတ်ပုံ-ညီညီဇော်
7 days news journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map