<div style='background-color: none transparent;'></div>

Home » » စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းကသာကေတစက်မှုဇုန်၊ စည်သွပ်ဝင်းလိုင်းခန်း အတွင်းရှိနေ အိမ်တစ်ခုတွင် မိမိကိုယ်ကို ဆွဲကြိုးချသေဆုံးမှု

စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းကသာကေတစက်မှုဇုန်၊ စည်သွပ်ဝင်းလိုင်းခန်း အတွင်းရှိနေ အိမ်တစ်ခုတွင် မိမိကိုယ်ကို ဆွဲကြိုးချသေဆုံးမှု

အရက်ကြောင့် စိတ်ဖောက်ပြန်ကာ အသက်(၂၉)နှစ် အရွယ် အမျိုးသားတစ်ဦး မိမိကိုယ်ကိုဆွဲကြိုးချ သေဆုံးမှုတစ်ခု သာကေတမြို့နယ်၊ စက်မှုလက်မှု ရပ်ကွက်၊ သာကေတစက်မှုဇုန်၊ စည်သွပ်ဝင်းလိုင်းခန်း အတွင်းရှိနေ အိမ်တစ်ခုတွင် စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ကျွန်တော်နဲ့သူနဲ့အတူတူနေလာတာ ၁၀နှစ်ကျော်ပါပြီ။ သူ့မှာဆွဲကြိုးချ သတ်သေရလောက် အောင် စိတ်ညစ်ရတဲ့အကြောင်းအရင်း မရှိပါဘူး။ ည ၂နာရီလောက်မှာ သူစိတ်ဖောက်ပြီး အပြင်ကိုထွက်သွား သေးတယ်။ တစ်ညလုံးအပြင်ကို လျှောက်သွားနေတာပါ။ သူပြန်ရောက်လာတော့ မနက်ပိုင်းမှာ သူစားဖို့ကျွန်တော် မုန့်ဟင်းခါးဝယ် ပေးခဲ့ပြီးကျွန်တော် အလုပ်လုပ်ဖို့ အပြင်ကိုထွက်သွားတဲ့အထိ သူဘာမှမဖြစ်သေးပါဘူး”ဟု သေဆုံးသူ၏ ဦးလေးတော်စပ်သူ ဦးသိန်း မြင့်အောင်က ပြောပြခဲ့သည်။

“ သူဒီလိုဖြစ်ခဲ့ရတာနဲ့ ပတ်သက်လို့တော့ ကျွန်တော်ဘာမှ မပြောချင်ပါဘူး။ သူက အနေအေးတဲ့ သူတစ်ယောက်ဆိုတာ ရပ်ကွက်ထဲကသူတွေ အကုန်သိပါတယ်။ တစ်ခုတော့ရှိတယ် သူကအရက်ကို ဟိုးအရင်ကတည်းက စွဲစွဲမြဲမြဲ သောက်ခဲ့ပါတယ်” ၎င်းကဆက်ပြောပါသည်။
“ ကျွန်မကို မနက်ပိုင်း မှာသူ့ဦးလေးက ငါအပြင်သွားတုန်း မှာသူ့ကိုနည်းနည်းကြည့်ထားပေးပါ ဆို ပြီးပြောခဲ့တယ်။ ကျွန်မ ၁၀ နာရီ ခွဲလောက်မှာ သူ့တို့အိမ်တံခါး က နေ ချောင်းကြည့်လိုက်တော့ အခန်းထောင့်မှာ မတ်တပ်ရပ်ကြီးဖြစ်နေတာကို တွေ့လိုက်ရတယ်။ ကျွန်မ အော်ခေါ်ကြည့်သေးတယ်။ ဘာမှပြန်မပြောဘူး။ ဒါနဲ့ကျွန်မလဲမသင်္ကာလို့ အိမ်နီး နားချင်း တွေကိုအော်ခေါ်ပြီး အကူညီတောင်းခဲ့တာပါ။ သူဘယ် အချိန်ကတည်းက ဆွဲကြိုးချပြီး အသက်ပျောက်နေမှန်း မသိပါဘူး” ဟု သေဆုံးသူအား စတင်တွေ့ရှိခဲ့သူ အိမ်နီးနားချင်းဖြစ်သည့် မခင်သန်းဝင်း ကရှင်းပြခဲ့သည်။
သေဆုံးသူသည် ၎င်းနှင့် အတူနေထိုင်သူ ဦးလေးဖြစ်သူနှင့် အတူ ရေစည်လှည်းတွန်းကာ အသက်မွေးဝမ်းကျောင်း ပြုနေသူတစ်ဦးဖြစ်ပြီး၊  ၎င်းမသေဆုံးခင်ရက်ပိုင်း အတွင်းတွင် စိတ်ဖောက်ပြန်မှုများ ရှိခဲ့ကြောင်း သိရသည်။
eleven media
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map