<div style='background-color: none transparent;'></div>

Home » » မလေးရှားကို မြန်မာအမျိုးသမီး အလုပ်သမများ တရားဝင်ပို့ဆောင်နေပြီ

မလေးရှားကို မြန်မာအမျိုးသမီး အလုပ်သမများ တရားဝင်ပို့ဆောင်နေပြီ

မလေးရှားနိုင်ငံတွင် သွားရောက် လုပ်ကိုင်
လိုသော မြန်မာအမျိုးသမီး လုပ်သားများ
တရားဝင် ပို့ဆာင်ပေးနေမှုကို သြဂုတ်လ
 နောက်ဆုံးပတ်မှ စတင်နေခဲ့ရာ မြန်မာ
အမျိုးသမီး လုပ်သားများကို

ပြည်ပနိုင်ငံများတွင် တရားဝင် သွားရောက်လုပ်ကိုင်ခွင့် စတင်ခွင့်ပြုမှု ဖြစ်လာသည်။

မလေးရှားငွေ ရင်းဂစ် ၉၀၀ သို့မဟုတ် တလစာလုပ်အားခကို ဝန်ဆောင်ခအဖြစ် ပေးဆောင်ရမည့် အလုပ်များ အတွက် လုပ်သားဦးရေ နှစ်ရာခန့် သွားရောက် လုပ်ကိုင်နေပြီး ဖြစ်သည်ဟု ယုံကြည်ရသည်။

အလုပ်သမားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်  အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများမှ အေဂျင်စီ သုံးခု စေလွှတ်ခွင့် ရခဲ့သည်ဟု အေဂျင်စီ အသိုင်းအဝန်းမှ သိရသည်။

ပြည်ပအလုပ်အကိုင် အေဂျင်စီ တာဝန်ရှိသူတစ်ဦးက “ စက်ရုံက အီလက်ထရောနစ် ပစ္စည်းတွေ လုပ်တဲ့ စက်ရုံပါ။



                                        (ဓါက်ပုံ)  မြန်မာနှိုင်ငံမှလစာတိုးပေးရေးအလုပ်
                                                      သမများဆန္ဒပြနေပုံ


နေစရာ နေရာကလည်း အမျိုးသမီးတွေ အတွက် လုံခြုံမှု ရှိပါတယ်။ စက်ရုံက လူ ၇၀၀၀ လောက် လိုပါသေးတယ် ” ဟု ပြောသည်။

ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတခု၏ အပြောအရ သွားရောက် လုပ်ကိုင်လိုသူအတွက် ကုမ္ပဏီမှ
လေယာဉ်လက်မှတ်၊ နိုင်ငံကူးလက်မှတ်တို့အတွက် ကုန်ကျစရိတ်ကို ပြန်လည် ထုတ်ပေးမှာ ဖြစ်သည်ဟု ဆိုသည်။ အသက် ၂ဝ မှ ၃၅ နှစ်အတွင်း အခြေခံပညာ အဆင့် ရှစ်တန်း အောင်မြင်ပြီးသူများ သွားရောက် လုပ်ကိုင်နိုင်သည်ဟု ဆိုသည်။

သို့သော် ဦးစွာ သွားရောက်လုပ်ကိုင်လိုသူက ငွေစိုက်ထုတ်ထားရမှာဖြစ်ပြီး မလေးရှားနိုင်ငံ ပြည်ဝင်ခွင့် ဗီဇာရပြီးချိန် တွင် ကုမ္ပဏီက ကုန်ကျငွေကို ပြန်အမ်းမှာ ဖြစ်သည်။ ကုမ္ပဏီသို့ ဝန်ဆောင်ခအဖြစ် လုပ်ခလစာမှ တလလျှင် ရင်းဂစ်ငွေ ၁၅၀ ဖြင့် ခြောက်လ ဖြတ်တောက်သွားမှာ ဖြစ်သည်။

တလလျှင် ရက် ၂၀ ပုံမှန် အလုပ်ရက် သတ်မှတ်ထားပြီး လစာမှာ ရင်းဂစ် ၉၀၀ ဖြစ်သည်။ ကြာသပတေးနေ့
ပေါက်ဈေးမှာ တစ်ရင်းဂစ်လျှင် မြန်မာကျပ်ငွေ ၂၇၉.၄ ကျပ် ဖြစ်သည်။ စနေနှင့် တနင်္ဂနွေ နေ့များကို အချိန်ပို အဖြစ် သတ်မှတ်ပေးပြီး အချိန်ပိုကြေးပေးမည် ဟုဆိုသည်။

လေယာဉ်လက်မှတ်ရပြီးချိန်တွင် သွားရောက် လုပ်ကိုင်လိုခြင်း မရှိတော့လျှင် လျော်ကြေးပေးဆောင်ရန် သတ်မှတ် ထားသည်။

သွားရောက် လုပ်ကိုင်မည့် အသက် ၃၀ ဝန်းကျင် အမျိုးသမီး တစ်ဦးက “ အချိန်ပို မရှိရင်တော့ မကိုက်ဘူး။ ဖြတ်မှာနဲ့ ဆိုရင် တစ်လကို (ကျပ်) တစ်သိန်းကျော်ပဲ ကျန်မယ်။ အချိန်ပို ရှိပါစေ ဆုတောင်း ရမှာပဲ။” ဟု ဆိုသည်။

 မဇ္ဈိမ
Share this article :

1 comments:

ခွေးအလာ said...

စာတွေကို အမဲရောင်လေးနဲ့ရေးပေးပါလို့
ကိုအောင်သက်ခိုင်

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map