<div style='background-color: none transparent;'></div>

Home » » ထိုင်းနိုင်ငံဘန်ကန်ကောက်မြို့တွင်"မြန်မာအလုပ်သမ တစ်ဦး အဓမ္မပြုကျင့်ခံရပြီး ၅ထပ်တိုက်ပေါ်က ပစ်ချခံရပြီးသေဆုံးမှုမြန်မာသံရုံးမှအမှုဖွင့်ရန်ပြင်ဆင်နေ(update)

ထိုင်းနိုင်ငံဘန်ကန်ကောက်မြို့တွင်"မြန်မာအလုပ်သမ တစ်ဦး အဓမ္မပြုကျင့်ခံရပြီး ၅ထပ်တိုက်ပေါ်က ပစ်ချခံရပြီးသေဆုံးမှုမြန်မာသံရုံးမှအမှုဖွင့်ရန်ပြင်ဆင်နေ(update)


ဘန်ကောက်မြို့အနီမဟာချိုင်နယ်မြေ အုန်းနွဲ့ စိုင်ဟတ် တွန်းစွန် ကြက်သား အလုပ်ရုံ အလုပ်သမား မစန်းစန်း ၀င်း အဓ္ဓမပြုကျင့် ခံရပြီး၅ထပ်တိုက်ပေါ်မှပစ်ချခံ သေဆုံမှုအတွက် မြန်မာသံရုံးကထိထိရောက်ရောက်  ကူညီ နေပြီဖြစ်ကြောင်း သိရှိရသည်။
သြဂုတ်လ ၂ ရက်နေ့က ငါးထပ်တိုက်ပေါ်မှ ပစ်ချခံရပြီးမဟာချိုင်အမှတ်၂ ဆေးရုံတွင် ဆေးဝါးကုသမှု
ခံရင်း သြဂုတ်လ ၄ ရက်နေ့ ညဥ့် ၈နာရီခန့် က သေဆုံးခဲ့သောမစန်းစန်းဝင်းအလောင်းအားအဆိုပါ  ဆေးရုံ
မှ ဘန်ကောက်မြို့ စီရီလတ်(ဘုရင်ဆေးရုံ) ဆေးရုံကြီးသို့ ဆောင်ပေးခဲ့ကြောင့် မြန်မာသံရုံက ဆက်လက် စုံစမ်း သည့်အခါမှ သိရှိရသည်။

       မြန်မာအလုပ်သမား အရာရှိ ဦးကျော်ကျော်လွင် က“ သေဆုံးသူအတွက် သဂြိုဟ် စရိတ်နဲ့ နစ်နာ ဆုံးရှုံးမှုတွေ ရရှိအောင် ကျနော်တို့စီစဉ်နေပါတယ်”ဟုပြောသည်။
 မစန်းစန်းဝင်း ဆေးရုံပေါ်တွင် ရှိနေစဉ်အတွင်း မစန်းစန်းဝင်း ၏ ခင်ပွန်း ကိုအောင် နှင့် မိသာစုဝင် အချို့ အပါအ၀င် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ BAT တို့က PHOKAEN ရဲစခန်းသို့ သွားရောက် အမှုဖွင့်ခဲ့ကြသော်လည်း ရဲစခန်းက အမှုဖွင့်လက်မခံခဲ့ပါ။
 အလုပ်သမားများအား အချက်အလက်ယူခြင်း ဓါတ်ပုံရိုက်ခြင်းများ လာရောက်လုပ်ကိုင်သည့် BAT အဖွဲ့ ကို ကွန်တို တိုက်ပိုင်ရှင် ထိုင်းအမျိုးသားက လုပ်နိုင်မှ ဓါတ်ပုံရိုက်ပါ မေးမြန်းပါ ဟု ပြောဆိုခဲ့သည်။

 လွန်ခဲ့သည့် ၂နှစ်ကျော်ခန့် က လည်း အဆိုပါ ကွန်တိုတိုက် ၄ထပ် တွင် မြန်မာအမျိုးသမီးငယ်တစ်ဦးအား အဓ္ဓမပြုကျင့်ပြီး  လည်ပင်း ကိုလှီးဖြတ် သေဆုံးမှုဖြစ်ခဲ့သော်လည်း အမှုမှန်ပေါ်ပေါက်ခဲ့ခြင်း မရှိခဲ့ကြောင်း၎င်း ကွန်တို တိုက်တွင် ၃နှစ်ခန့် နေထိုင်ဖူးသူ အလုပ်သမား ကိုမိုးဇေါ်ဝေ ကပြောသည်။
    မစန်းစန်းဝင်း သေဆုံးပြီးနောက်နေ့မှာပင် အလားတူ ဘုန်းကြီးေ ကျာင်း အလှူ ခံစာရွက်နှင့် ထိုင်းများလာရောက် အလှူခံနေပြန် သဖြင့် မြန်မာအလုပ်သမားများ မှာ ပိုမိုစိုးရိမ်နေကြသည်။
 goldenworkers
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map