<div style='background-color: none transparent;'></div>

Home » » ကျိုက်ထီးရိုးစေတီတော်ရင်ပြင်တွင် GSM ဖုန်းအသုံးပြုလာနိုင်

ကျိုက်ထီးရိုးစေတီတော်ရင်ပြင်တွင် GSM ဖုန်းအသုံးပြုလာနိုင်


ပြည်တွင်း၊ ပြည်ပ ဘုရားဖူး ခရီးသွားများ သွားရောက် ဖူးမြော် လေ့ရှိသည့် ကျိုက်ထီးရိုး ဆံတော်ရှင် စေတီတော်ရင်ပြင်တွင် GSM ဖုန်းများအသုံးပြု၍ ရလာ ကြောင်း ဝါဆိုလပြည့်နေ့က အဆိုပါ စေတီတော်သို့ သွားရောက် ဖူးမြော်ခဲ့သူတစ်ဦးက ဆိုပါသည်။ အဆိုပါ ရင်ပြင်တော်တွင်ယခင်ကGSM ဖုန်းသုံးစွဲမှုမရရှိခဲ့ ပဲ မကြာမှီက သွားရောက်ဖူးမြော် ခဲ့သူများက သုံးစွဲ၍ရလာခဲ့ခြင်း ဖြစ်ပါသည်။
“ကျွန်တော်ရင်ပြင်တော် ပေါ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာက တစ် ခေါက်ရောက်တုန်းကGSM မမိ ဘူး။
အခုဝါဆိုလပြည့်နေတုန်း ကသွားတော့ ရင်ပြင်တော်ပေါ်မှာဖုန်းလိုင်းမိတာတွေ့ရတယ်။ ကျွန် တော်ကGSM မိလိုမိငြား ယူသွား တော့ အခုမိတော့ ဆက်သွယ်လို့ ရတော့အဆင်ပြေပါတယ်”ဟု ကျိုက်ထီးရိုး ဆံတော်ရှင်စေတီတော် နှင့် အနီးတဝိုက်ရှိ ရဟန်းတော်များ ကို ဝါဆိုသင်္ကန်းသွားရောက်ကပ် လှူခဲ့သည့် သာကေတမြို့နယ် ကျိုက်ထီးရိုးဆံတော်ရှင် ဝါဆိုသင်္ကန်းလှူဒါန်းအဖွဲ့ဝင်တစ်ဦးက ဆိုပါသည်။
ယခင်က ကျိုက်ထီးရိုး ဆံတော်ရှင် စေတီတော်ရင်ပြင် တွင် CDMA 450 MHz ဖုန်းများ သာလိုင်းမိခဲ့ပြီး ယခုအခါGSM ဖုန်းများပါ သုံးစွဲနိုင်သဖြင့် ဘုရားဖူး သွားရောက်သူများအတွက် ပိုမို အဆင်ပြေနိုင်မည်ဖြစ်ပါသည်။
တင်ဇာ
yoyarlay
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map