<div style='background-color: none transparent;'></div>

Home » » အများသိစေရန် SHARE ပေးခြင်းဖြင့်ကူညီပေးပါ

အများသိစေရန် SHARE ပေးခြင်းဖြင့်ကူညီပေးပါ


အများသိစေရန် SHARE ပေးကြပါ
ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ

မလေးရှားနိုင်ငံ၊ ကူးလင်းမြို့တွင် ၄-၈-၂၀၁၂ ရက်နေ့ နံနက် ၃ နာရီခန့်တွင် မြန်မာပြည်သားများ လုပ်ကိုင် နေသည့် စက်ရုံ တွင်ပေါက်ကွဲမူ့ တစ်ခု ဖြစ်ပွား ခဲ့ပါတယ်။

စက်ရုံ မှာ (ဂတ်စ်)ဖြည့်သည့် လုပ်ငန်း ဖြစ်ပါတယ်။ ဖြစ်ပွားချိန်တွင် မြန်မာပြည်သား ၅ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒဏ်ရာ ရရှိသူများမှာ ဇော်မျိုးခိုင် - မကွေးတိုင်၊ ရေစကြိုမြို့နယ်၊ အောင်သာရွာ မှဖြစ်ပြီး ကိုဇော်လင်း မှာ ပုဂံညောင်ဦးခရိုင်၊ ငါးသရောက်မြို့နယ်၊ ထန်းငယ်တော ရွာကလိုသိရပါတယ်။

ကိုကရင်၊ မိုးလွင်၊ ကိုထွန်း ဆိုသူ ၃ ဦးမှာ ဘယ်နယ်က ဆိုတာ ဆုံစမ်း နေတုန်းပါ။

ကိုဇော်လင်း ဆိုသူမှာ ၈-၈-၂၀၁၂ ရက်နေ့တွင် ပီနန်း ဆေးရုံးကြီးတွင် သေဆုံး သွားပါတယ်။


၁၁-၈-၂၀၁၂ ရက်နေ့တွင် ဇော်မျိုးခိုင် ဆိုသူမှာလဲ အလော့စတား ဆေးရုံတွင် သေဆုံး သွားပြန်ပါတယ်။

၁၂ - ၈ -၂၀၁၂ ရက်နေ့တွင် ကူးလင်းဆေးရုံ တွင် ကိုကရင် နှင့် မိုးလွင် တို ထပ်မံသေဆုံး သွားပြန်ပါတယ်။

သေဆုံးသွားသူ (၄) ဦးအား နာရေးကူညီမူ့ အသင်း (ပီနန်း - မလေးရှား)မှ တာဝန်ယူဆောင် ရွက်ပေးမှာ ဖြစ်ပါတယ်။

ကျန် (၃)ဦး ကိုဘယ်နယ်က ဆိုတာ သူငယ်ချင်းများ ခင်မင် ရင်နှီးသိရှိပါက အမြန်ဆုံး ဆက်သွယ်ပေးကြပါ ခင်ဗျာ။

ဆက်သွယ်ရန် ကိုပုပ္ပါး (ခ) ကိုဝင်းသန်းထွန်း (နာရေးကူညီမူ့အသင်း၊ ရုံးတာဝန်ခံ) ဖုန်း-၀၁၂-၄၉၉၉ ၅၆၁----၀၁၀-၃၉၂၉ ၅၈၀ သို့ ဆက်သွယ်ပေးကြပါ ခင်ဗျာ။

မိတ်ဆွေ သူငယ်ချင်း အပေါင်းမှ လဲ အများသိစေရန် share ပေးကြပါ ခင်ဗျာ။
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map