<div style='background-color: none transparent;'></div>

Home » » တိုက်တန်းနစ် 3D ဇာတ်ကား ရန်ကုန်မြို့တော်ဝင် စင်တာ၂ တွင်ယခုလ ၁၇ ရက်နေ့တွင် ပြသမည်

တိုက်တန်းနစ် 3D ဇာတ်ကား ရန်ကုန်မြို့တော်ဝင် စင်တာ၂ တွင်ယခုလ ၁၇ ရက်နေ့တွင် ပြသမည်


ရန်ကုန်၊သြဂုတ် ၁၅

ကမ္ဘာကျော် ဒါရိုက်တာ ဂျိမ်းစ်ကမရွန် ရိုက်ကူးပြီး ကမ္ဘာတစ်ဝန်း တင်ဆက် ပြသခဲ့သော DRAMA ANDROMANCE ဆန်သော တိုက်တန်းနစ် ရုပ်ရှင်ဇာတ်ကားကို3D ဇာတ်ကားအဖြစ် ရန်ကုန်မြို့ တော်ဝင်စင်တာ ၂ တွင် ယခုလ ၁၇ရက်နေ့တွင် စတင် ပြသတော့မည် ဖြစ်ကြောင်း မင်္ဂလာရုပ်ရှင်ကုမ္ပဏီမန်နေဂျာတစ်ဦးက ပြောကြားသည်။

အချိန် သုံးနာရီကျော် ရှိသော ယင်းဇာတ်ကားအတွက် ပုံမှန်ပြသ နေသော အချိန်ထက် လျော့နည်းသွားမည် ဖြစ်သောကြောင့် အချိန် အပြောင်းအလဲရှိကြောင်း ၎င်းက ပြောကြားသည်။
“ကမ္ဘာမှာတော့ ဒီဇာတ်ကား သရီးဒီအဖြစ် ပထမဆုံးပြတယ်ဆိုတာတော့မသိဘူးဗျ၊ ပုံမှန် ငါးချိန်ကနေ လေးချိန်တော့ပြောင်းသွားတယ်’’ဟု၎င်းကဆိုသည်။

ရုပ်ရှင်မင်းသား လီယိုနာဒိုဒီကပ်ပရီ နှင့် မင်းသမီး ကိတ်ဝင်းစလက် ပါဝင် သရုပ်ဆောင်ထားသော ယင်းဇာတ်ကားသည် နှစ်ဆယ်ရာစု အစောပိုင်း ကာလ ၁၉၁၂ ခုနှစ်ကဗြိသျှနိုင်ငံ ဆောက်သန်ပတန်မှ အမေရိကန်နိုင်ငံနယူးယောက်စီးတီးသို့ ခရီးသည်များ တင်ဆောင်လာသော RMS TITANIC ခရီးသည် တင်သဘောင်္ကြီး၏ ခရီးစဉ်တွင် မြောက်အတ္တလန်းတစ် သမုဒ္ဒရာသို့ ယင်းနှစ်ဧပြီလ ၁၅ ရက်နေ့က ဖြတ်သန်းသွားစဉ် သမုဒ္ဒရာအတွင်း မျောပါနေသောရေခဲတုန်းနှင့် တိုက်ကာ သဘောင်္ဝမ်းကွဲ၍ နစ်မြှုပ်မှုဖြစ်စဉ်နှင့် အတူအခြေခံ မတူသော ဘ၀နှစ်ခုတို့ ကြား ဆက်စပ် ပတ်သက်ခဲ့ပုံကို လွမ်းဆွတ် ကြည်နူးဖွယ် ရိုက်ကူးထားသည်။
 The Voice Weekly
 
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map