<div style='background-color: none transparent;'></div>

Home » » မုဒိမ်းမှု အတွက် တရားစွဲခံနေရသည့် ရီဘာရီနှင့် ဘန်ဇီမာ

မုဒိမ်းမှု အတွက် တရားစွဲခံနေရသည့် ရီဘာရီနှင့် ဘန်ဇီမာ


ပြင်သစ် အသင်းမှ ကစားသမားများ ဖြစ်သည့် ရီဘာရီနှင့် ဘန်ဇီမာတို့သည် မုဒိမ်းမှု တစ်ခုအတွက် တရားစွဲဆို ခံနေရကြောင်း သိရသည်။

  ယခုတစ်ပတ်တွင် စုံစမ်းစစ်ဆေးမှု တရားသူကြီး အန်ဒရီဒန်ဒိုသည် ယင်းနှင့် ပတ်သက်၍ တရားရုံးတွင် ပြန်လည် စစ်ဆေးရန် အဆိုပြုတင်သွင်းခဲ့သောကြောင့် ဘန်ဇီမာနှင့် ရီဘာရီ အပါအ၀င် ပြင်သစ်ကစားသမား ၈ ဦးမှာ ယင်းအမှုအတွက် ထပ်မံ တရားရေး ရင်ဆိုင်ရဖွယ် ရှိနေသည်။ အဆိုပါ အမှုမှာ ၂၀၁၀ ခုနှစ်မှ စတင်ခဲ့ခြင်း ဖြစ်ပြီး အသက် ၁၆ နှစ်အရွယ်ရှိ  ဇာဟီယာဒီရာ ဆိုသူ မိန်းကလေးသည် သူမအနေဖြင့် ၂၀၀၈ ခုနှစ်တွင် ဘန်ဇီမာနှင့် ပျော်ပါးခဲ့သလို နောက်တစ်နှစ်တွင် မြူးနစ်သို့ သွားပြီး ရီဘာရီနှင့်လည်း နေထိုင်ခဲ့ကြကြောင်း ထုတ်ဖော် ပြောဆိုခြင်း ဖြစ်သည်။ ယခုကိစ္စကို တရားပြိုင် အချို့က အလိုမတူဘဲ ကျူးလွန်ခြင်းဖြစ်ကြောင်း အဆို တင်သွင်းမည်ဟု သတင်းများက ဆိုသည်။ ပြင်သစ်နိုင်ငံတွင် ကာမဆိုင်ရာ လိင်ကိစ္စများကို အတားအဆီးမရှိ ခွင့်ပြု ထားသော်လည်း အသက် ၁၈ နှစ်အောက် လူများအတွက်ကို ဥပဒေထားရှိသည်။ ယခုကိစ္စတွင် ရီဘာရီနှင့် ဘန်ဇီမာတို့ အနေဖြင့် ကာယကံရှင် မိန်းကလေး၏ အသက်အမှန်အား သတိမထားမိခဲ့သောကြောင့် အပြစ် မရှိကြောင်း ယူဆပြီး ယင်းအမှုအား ရုတ်သိမ်းပေးရန် လွန်ခဲ့သည့် နိုဝင်ဘာလက အဆိုပါ ကစားသမားများ၏ ရှေ့နေများက  တောင်းဆိုခဲ့ကြသည်။


  သို့သော် ယခုတွင် အဆိုပါ အမှုမှာ ပြန်လည် အသက်ဝင်လာခဲ့ပြီး အသက် ၂၀ ပြည့်ပြီ ဖြစ်သည့် ဒီရာသည် ယင်း အမှုဖြစ်ပွားပြီး ပြင်သစ် နိုင်ငံတွင် ထင်ပေါ်ကျော်ကြားလာခဲ့ပြီး ဘန်ဇီမာနှင့် ရီဘာရီတို့သည် ကျူးလွန်ခဲ့စဉ်က သူမ၏ အသက် အမှန်ကို မသိခဲ့ကြောင်း သူမကိုယ်တိုင်က ပြောဆိုခဲ့သည်။ အကယ်၍ ရီဘာရီနှင့် ဘန်ဇီမာ တို့သည် အဆိုပါ ကိစ္စအတွက် အပြစ်ရှိကြောင်း တွေ့ရှိရပါက ၃ နှစ် ထောင်ဒဏ် ပြစ်ဒဏ် သို့မဟုတ် ပေါင် ၃ သောင်းခွဲ ငွေကြေး ပြစ်ဒဏ် ချမှတ်ခံရမည် ဖြစ်သည်။ ဘန်ဇီမာနှင့် ရီဘာရီတို့၏ ရှေ့နေများသည် ယခုတွင် တစ်ကျော့ပြန်လည်း  အသက်ဝင်လာပြီဖြစ်သည့် ယင်းအမှုတွင် ၎င်းတို့၏ ကာယကံရှင်များဘက်မှ အနိုင်ရရှိမည်ဟု ယုံကြည်နေသည်။ ထို့အပြင် ပြင်သစ်အသင်းနည်းပြ ဒက်စ်ချမ့်ကလည်း ယင်းကိစ္စနှင့် ပတ်သက်ပြီး ၎င်းတို့ အသင်းမှ ကစားသမားများအား ရုံးတော်မှ လွတ်လပ်စွာ စီရင်ချက် ချမှတ်နိုင်ကြောင်း ပြောကြားခဲ့သည်။
 yatanarpon
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map