အကယ်ဒမီ ပူပူနွေးနွေး ရထားသူ ပြေတီဦးဟာ အခုအချိန်မှာ မိသားစုနဲ့အတူ သာယာ ချမ်းမြေ့တဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ဖို့ အတွက် အခက်အခဲ ပြဿနာတွေကို ကျော်ဖြတ်ရင်း တစ်ဦးနဲ့တစ်ဦး ညှိနှိုင်းတိုင်ပင်ပြီး နွေးထွေးစွာ တည်ဆောက်သွားမယ်လို့ ရင်ဖွင့်ခဲ့ပါ သေးတယ်။ ဒါကြောင့် သူနဲ့ရိုက်ကွင်းတစ်ခုမှာတွေ့ဆုံတုန်း-
ကိုတီအခုတစ်လော ကားရိုက် နည်းနည်းကျဲသွားတယ်နော်။ ကားရိုက်ကတော့ ပုံမှန်ပါပဲ။ လောလောဆယ် မိသားစုလေးရှိ နေတော့အချိန်က အဲဒီဘက်မှာဦးစားပေးနေရလို့ပါ။
အခုရော အနုပညာနဲ့ပတ်သက်ပြီး ဘာတွေလှုပ်ရှားနေလဲ။အခု ဒါရိုက်တာဟိန်းစိုးရိုက်ကူးတဲ့ “ပန်းဖြစ်ရင်လည်းအကောင်း သား”ဆိုတဲ့ ဇာတ်ကားလေးကို မိုးဟေကို၊ အိချောပိုနဲ့အတူ ရိုက်ကူး နေပါတယ်။ အဲဒီကားထဲမှာ ကျွန်တော်က စီးပွားရေးသမားတစ်ဦး ပေါ့။ မိဘတွေရဲ့ အလိုဆန္ဒကို လိုက်လျောပေးရတဲ့သားတစ်ဦးအဖြစ် သရုပ်ဆောင်ထားပါတယ်။
သာယာချမ်းမြေ့တဲ့ မိသားစုဘဝကိုရော ကိုတီ ဘယ်လိုတည်ဆောက် သွားမလဲ။
အဓိကçကတော့ တစ်ဦးနဲ့တစ်ဦးနားလည်မှုပါပဲ၊ တစ်ဦးပြဿနာ ကို တစ်ဦးက ညှိနှိုင်းတိုင်ပင်ပြီး ဖြေရှင်းရင်း နွေးထွေးစွာနဲ့ တည် ဆောက်သွားပါမယ်။
ရင်သွေးလေးကိုရော ဘာတွေလုပ်ပေးဖို့ အစီအစဉ်ရှိလဲ။အဓိကကတော့ သူဝါသနာပါရာပေါ့။ သူ့ဝါသနာအတိုင်း ပံ့ပိုး ပေးရမှာ ကျွန်တော်တို့မိဘတွေရဲ့တာဝန်ပါ။
ကိုတီဘဝမှာ အမှတ်တရတွေရှိခဲ့ရင် ပြောပြ ပေးပါဦး။အမှတ်တရက ဘဝတစ်လျှောက်လုံး အများကြီး ရှိခဲ့ပါတယ်။ အခုအချိန်မှာ အမှတ်တရတွေက မလိုအပ်တော့ပါဘူး။ ကိုယ့်ရဲ့ မိသားစုဘဝ လေးကိုပဲ အေးချမ်း စွာနဲ့ တည်ဆောက် သွားချင်တယ်။
ပရိသတ်တွေကို အမှတ်တရစကား လေးပြောပေးပါဦး။ပြေတီဦးကို ဆက်လက် ပြီး အားပေးကြပါ။ ပရိသတ်အတွက် အကောင်းဆုံး ဖြစ်အောင်တတ် နိုင်တဲ့ဘက်က စွမ်း နိုင် သ မျှ ကြိုးစား သွား ပါမယ်လို့ ပြော ချင်ပါတယ်။
venus news


0 comments:
Post a Comment