<div style='background-color: none transparent;'></div>

Home » » ထိုင်းနိုင်ငံတွင် ကလေးမွေးသော အလုပ်သမများ တရားဝင် နေထိုင်ခွင့် ရမည်

ထိုင်းနိုင်ငံတွင် ကလေးမွေးသော အလုပ်သမများ တရားဝင် နေထိုင်ခွင့် ရမည်


ထိုင်းနိုင်ငံတွင် အလုပ် လုပ်စဉ် ကိုယ်ဝန် လွယ်ထား ရသော တရား မဝင် ရွှေ့ပြောင်း အမျိုးသမီး လုပ်သားများသည် ကလေးနှင့်အတူ ထိုင်း၌ တရား ဝင် နေထိုင်ခွင့်နှင့် မီးဖွားခွင့် ရတော့ မည်ဖြစ်ကြောင်း ထိုင်းအလုပ် သမားရေးရာဌာန ဦးဆောင်ညွှန်ကြားရေးမှူး ပရာဝစ်ကီယန်ဖိုလ် က ပြောသည်။
သို့သော် ထိုသို့ ဥပဒေစည်းမျဉ်း အပြောင်းအလဲကို မည်သည့်အချိန်တွင် ပြုလုပ်မည်ကိုမူ မသိရသေးပေ။ ယခုသတင်းမှာ မကြာသေးမီက အလုပ်သမားရေးရာဌာန၏ ကြေညာချက် တစ်ခုဖြစ်သော ကိုယ်ဝန်ဆောင် ရွှေ့ပြောင်း အလုပ်သမများသည် မိခင်နိုင်ငံသို့ ပြန်ကာ မီးဖွားပြီးမှ လုပ်ငန်းခွင် ပြန်ဝင်ရမည်ဖြစ်ကြောင်း ကြေညာချက် ကိုအင်န်ဂျီအိုများ အပါအဝင် လှုပ်ရှားတက်ကြွသူများက ဝေဖန်ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
အင်န်ဂျီအိုအဖွဲ့များက ထိုအတိုင်းသာ ဆိုလျှင် ကိုယ်ဝန်ရှိ၍ မိခင်နိုင်ငံသို့ ပြန်ပို့ခံရသော မြန်မာအလုပ်သမများ၏ အခြေအနေမှာ နှစ်စဉ် ဆိုးရွားဖွယ် ရှိသည်ဟု ဝေဖန်ခဲ့သည်။
ဦးဆောင်ညွှန်ကြားရေးမှူး ပရာဝစ်က ထိုင်းအစိုးရသည် ရွှေ့ပြောင်း အမျိုးသမီးလုပ်သားများကို သက်ဆိုင်ရာ နိုင်ငံသား ဟုတ်၊ မဟုတ် စစ်ဆေးပြီးနောက် ထိုင်းတွင် အလုပ်လုပ်ခွင့်၊ မီးဖွားခွင့်နှင့် လူမှုဖူလုံရေး အစီအစဉ်အရ မီးဖွားခွင့်ဆိုင်ရာ ကူညီထောက်ပံ့မှုများ အပြည့်အဝပေးမည်ဟု ဆိုသည်။ ထိုသို့သော မိခင်များမှ မွေးသော ကလေးများသည်လည်း အလုပ်စာချုပ် ကုန်ဆုံး၍ မိခင်နိုင်ငံသို့ မပြန်ခင်အထိ ၎င်းတို့ သက်ဆိုင်ရာ သံရုံးများတွင် စစ်ဆေးခံစေပြီးနောက် ထိုင်းတွင် မိဘများနှင့် နေခွင့်ပြုမည်ဟု သိရသည်။ ခန့်မှန်းချက်များအရ ထိုင်းတွင် ယခု ဥပဒေကြမ်း အတည်ဖြစ်ခဲ့ပါက အကျိုးရှိမည့် အလုပ်သမဦးရေ တစ်သိန်းခန့် ရှိမည်ဟု သိရသည်။ ၎င်းတို့မှာ မြန်မာ၊ လာအိုနှင့် ကမ္ဘာဒီးယား နိုင်ငံတို့မှ လာရောက် အလုပ်လုပ်နေသူများ ဖြစ်သည်။
Ref: The Nation
pyimyanmar myanmar
Share this article :

1 comments:

အလွမ်းမြို့ said...

ဝမ်းသာစရာ သတင်းပေါ့။
ဖတ်သွားတယ်

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map