<div style='background-color: none transparent;'></div>

Home » » မြန်မာ လုပ်သားများ၏ ၂၀၁၅ အတွက် စင်ကာပူက ဒေါ်လာနှစ်သိန်း ကူညီမည်

မြန်မာ လုပ်သားများ၏ ၂၀၁၅ အတွက် စင်ကာပူက ဒေါ်လာနှစ်သိန်း ကူညီမည်


လာမည့် ၂၀၁၅ ကို ရင်ဆိုင်နိုင်ရေး အတွက် မြန်မာနိုင်ငံမှ လုပ်သားများ၏ ကျွမ်းကျင်မှု စံသတ်မှတ် ပြဋ္ဌာန်းရေးကို စင်ကာပူနိုင်ငံက ကူညီ  သွား မည်ဖြစ်ပြီး၊ မြန်မာ လုပ်သားများ အရည် အချင်း မြှင့်တင်ရေး မြန်မာ ဘက်က တောင်းဆို ထားသည်ဟု ၂၄-၇-၂၀၁၂ ရက်က သိရသည်။ လွတ်လပ်စွာ ကုန်သွယ်မှု ဧရိယာကာလအတွင်း မြန်မာလုပ်သားများ နောက်ကို မကျန်ခဲ့စေရေး ဦးတည်ကာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ဆီကို ရင်းနှီးမြှုပ်နှံမှုတွေ လာမယ်၊ ကျွန်တော်တို့ဆီက တတ်ကျွမ်းနားလည်ထားတဲ့ လုပ်သားရင်းမြစ် နည်းတယ်၊ ဒီအတွက် ရည်ရွယ်ထားသလို ၂၀၁၅ ရဲ့ လွတ်လပ်စွာ ကုန်သွယ်မှုတွေနဲ့ ရင်ပေါင်တန်းနိုင်အောင် လုပ်သားရင်းမြစ် ကျွမ်းကျင်လက်မှတ်တို့ ရရှိစေဖို့ ပြင်ဆင်နေတာပါပဲ” ဟု အလုပ်သမား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်းက ပြောကြားသည်။စင်ကာပူနိုင်ငံမှ Temasek နှင့် စင်ကာပူ ပိုလီတက်ကနစ်ကျောင်းမှ မြန်မာလုပ်သားများအတွက် ကူညီမည့် အစီအစဉ်အရ အမေရိကန်ဒေါ်လာ နှစ်သိန်းကို အကုန်အကျခံကာ Temasek က ဆောင်ရွက်ပေးရွက်ပေးမည် ဖြစ်ပြီး လာမည့် စက်တင်ဘာလ အတွင်းမှာပင် ယင်းကိစ္စနှင့် ပတ်သက်၍ အလုပ်ရုံ ဆွေးနွေးပွဲတစ်ခု ပြုလုပ်ရန် အစီအစဉ်ရှိကြောင်း သိရသည်
pyimyanmar
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map