တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက် နိဂြောဓာလမ်း တိုက်အမှတ် ၂၇ ၄ လွှာ(က)တွင် သြ ဂုတ်လ ၅ ရက် ည ၇း၃၀ နာရီအချိန်ခန့်က အသက် ၅၉ နှစ်အရွယ် ကျောင်းဆရာမတစ်ဦး တိုက်ခန်းအတွင်း၌ သေဆုံးနေကြောင်း သတင်းရရှိပါသည်။
သေဆုံးသူဆရာမကြီးမှာ အထက(၅)တာတွေမှ အလယ်တန်းပြဆရာမကြီး ဒေါ်ခင်မာစိန်ဖြစ် ကြောင်း အဆိုပါတိုက်ခန်းတွင် တစ်ဦးတည်းနေထိုင်ပြီး ယင်းတိုက်ခန်းကိုငှားရမ်းနေထိုင်သည်မှာ နှစ်လခန့်ရှိပြီ ဖြစ်ကြောင်း၊ ကျောင်းသားမိဘ တစ်ဦးမှ ဆရာမကြီးထံသွားစဉ် အပုပ်နံ့နံ၍ သက်ဆိုင်ရာမှ တံခါးကို ချိုးဖျက်ဝင် ရောက်စဉ် သေဆုံးနေသည်ကိုတွေ့ရကြောင်း သိရသည်။

အထက(၅)တာမွေမှ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဆန်းက “ဆရာမကြီးက ကျောင်းမှာ လုပ် သက် ၂၈ နှစ် ကျော်ရှိပြီ။ နေမကောင်းဖြစ်နေတာတော့ ကြာပါပြီ။ ၀ါဆိုလပြည့်နေ့ကတည်းက ကျောင်းကိုမလာ တာပါ။ ရဲတွေခန့်မှန်းတာကတော့ သေတာလေးရက်လောက်ရှိပြီတဲ့။ ညီမတွေရှိပေမယ့် အတူတူမနေဘူး”ဟု ဆိုသည်။
အဆိုပါရပ်ကွက် ရာအိမ်မှူး ဦးဝင်းသူကလည်း “ကျွန်တော်တာဝန် မှူးတာဝန်ကျနေချိန်မှာ ကျောင်းက အားကစားဆရာရယ်၊ မြေရှင်ရယ်က အပုပ်နံ့ရတယ်ဆိုပြီး သတင်းလာပေးလို့ပါ”ဟု ဆိုသည်။ သေဆုံးရသည့်အကြောင်းရင်းကို သက်ဆိုင်ရာက စုံစမ်းနေကြောင်း သိရသည်။
Weekly Eleven Journal

0 comments:
Post a Comment