<div style='background-color: none transparent;'></div>

Home » » သူနာပြုဝတ်စုံနဲ့ မွေးကင်းစကလေးငယ်ကို ခိုးယူဖို့ကြိုးစားတဲ့ အမျိုးသမီး ...

သူနာပြုဝတ်စုံနဲ့ မွေးကင်းစကလေးငယ်ကို ခိုးယူဖို့ကြိုးစားတဲ့ အမျိုးသမီး ...


အမေရိကန်ပြည်ထောင်စုရှိ Southern California ဆေးရုံတွင် အသက်(၄၈)နှစ်အရွယ် အမျိုးသမီးဟာ သူနာပြုဝတ်စုံ ဝတ်ဆင်ပြီး သူမရဲ့ အိတ်လုံးရှည်ရှည်ထဲ မွေးကင်းစကလေးငယ်အား ခိုးယူဖို့ ကြိုးစားခဲ့တဲ့အတွက် တနင်္လာနေ့တွင် ရဲများက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

သူမဟာ သူနာပြုဆရာမအသွင် ဝတ်ဆင်ပြီး ကလေးမိခင်အား ကလေးကို ရေချိုးပေးမည်ဟုဆိုကာ ကလေးအား တောင်းယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက်သူမက မွေးကင်းစကလေးငယ်ကို အိတ်လုံးရှည်ထဲထည့်၍ ဆေးရုံမှ ခိုးယူထွက်သွားဖို့ ကြိုးစားခဲ့ပေမယ့် ကလေးငယ်တွင် ရှိနေသည့် အချက်ပေးကိရိယာက အချက်ပေးခဲ့တဲ့အတွက် သူမအား ယခုလို ဖမ်းဆီးမိတာဖြစ်ကြောင်းလည်း သိရသည်။
ကလေးငယ်ဟာ ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ဘဲ မိခင်၏ရင်ခွင်အတွင်းသို့ လုံခြုံစွာ ပြန်လည် ရောက်ရှိသွားခဲ့ပြီ ဖြစ်ကြောင်းလည်း သိရသည်။
Source : Fox News
 http://www.edinooyin.com/profiles/blog/show?id=4347155%3ABlogPost%3A5728740&xgs=1&xg_source=msg_share_post
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map