<div style='background-color: none transparent;'></div>

Home » » မြေနီကုန်း မီးပွိုင့်အနီးတွင် ဝါဆိုလပြည့် ကြာသပတေးနေ့ မွန်းတည့်ခါနီးအချိန်က မော်တော်ယာဉ် ငါးစီး ဆင့်ကဲ တိုက်မှုတခု ဖြစ်သွားခဲ့

မြေနီကုန်း မီးပွိုင့်အနီးတွင် ဝါဆိုလပြည့် ကြာသပတေးနေ့ မွန်းတည့်ခါနီးအချိန်က မော်တော်ယာဉ် ငါးစီး ဆင့်ကဲ တိုက်မှုတခု ဖြစ်သွားခဲ့


 ရန်ကုန်မြို့ရှိ ယာဉ်အသွားအလာ ထူထပ်သော မြေနီကုန်း မီးပွိုင့်အနီးတွင် ဝါဆိုလပြည့် ကြာသပတေးနေ့ မွန်းတည့်ခါနီးအချိန်က မော်တော်ယာဉ် ငါးစီး ဆင့်ကဲ တိုက်မှုတခု ဖြစ်သွားခဲ့ရာ ယာဉ်ကြောပိတ်ဆို့မှု ကို ပိုမို ကြန့်ကြာသွားစေခဲ့သည်။

ပြည်လမ်းမပေါ်တွင် မောင်းနှင်နေခဲ့သော အမှတ် ၄၈ ဘတ်စ်ကားလိုင်းမှ မီနီဘတ်စ် တစီးက ဘရိတ်ပေါက်ပြီး နံဘေး ယာဉ်ကြောရှိ အငှားယာဉ်စီတစီးကို ဝင်တိုက်သည်။ ထိုမှတဆင့် အငှားယာဉ်က ရှေ့မှကားကို တိုက်ကာ ဆင့်ကဲ တိုက်မှု ဖြစ်သွားရသည်။

ဘတ်စ်ကားကြောင့် အငှားယာဉ်နှစ်စီး နှင့် အိမ်စီးကား ဆလွန်း နှစ်စီး ပါဝင်သော တိုက်မှုတွင် ယာဉ်များပေါ်တွင် လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာရမှု အနည်းငယ်သာ ရှိခဲ့သည်။ ဘတ်စ်ကား အတိုက်ခံရသော တက္ကစီတစီးမှာ ဆိုးရွားစွာ ပျက်စီးသွားပြီး ကျန်ကားများ ပျက်စီးမှု နည်းခဲ့သည်။

“မီနီဘတ်စ် ၄၈ ကားသမားကတော့ တိုက်ပြီးပြီးချင်းပဲ ကားပေါ်က ဆင်းပြေးသွားတယ်” ဟု မျက်မြင် တွေ့လိုက်ရသူ ကိုသိန်းထွန်း က မဇ္ဈိမကို ပြောသည်။

“လပြည့်နေ့ ဆိုတော့ လူတွေလည်း ရှုပ်တယ်။ ကားတွေလည်းရှုပ် ကြတယ်။ ဘယ်သူမှ ပြင်းပြင်းထန်ထန် ဒဏ်ရာမရသွားတာပဲ တော်ပါသေးတယ်” ဟု သူက ဆက်ပြောသည်။

ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် တနာရီကျော် ကြာအထိပင် တိုက်မှု ဖြစ်ပွားသော ကားများကို လမ်းပေါ်မှ မဖယ်ရှား
နိုင်သေးဘဲ ဖြစ်နေရသလို လူအများကလည်း ဝိုင်းအုံ ကြည့်နေကြပြီး ယာဉ်ကြောများ ပိတ်ဆို့နေခဲ့ရသည်။
ရန်ကုန် (မဇ္ဈိမ)
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map