Home »
သတင်း
» သာကေတမြို့နယ်ရှိ ရှုခင်းသာအပန်းဖြေအားကစားကွင်းကို ယခုလကုန်တွင် အပြီးပိတ်သိမ်း သွားမည်
သာကေတမြို့နယ်ရှိ ရှုခင်းသာအပန်းဖြေအားကစားကွင်းကို ယခုလကုန်တွင် အပြီးပိတ်သိမ်း သွားမည်
သာကေတမြို့နယ်ရှိ ရှုခင်းသာအပန်းဖြေအားကစားကွင်းကို ယခုလကုန်တွင် အပြီးပိတ်သိမ်း သွားမည်ဖြစ်ပြီး အဆိုပါပန်းခြံမှ ၀န်ထမ်းများအား ပြည်သူ့ဥယျာဉ်ရှိ ရေလွှာလျှောနှင့်အားကစားကွင်းတွင် ပြန် လည်ခန့်ထားရန် စီစဉ်နေကြောင်း ယင်းအပန်းဖြေအားကစားကွင်းများကို ကန်ထရိုက်စနစ်ဖြင့် လုပ်ကိုင်နေ သည့် သီင်္ဂီရွှေရည် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။
“ရှုခင်းသာဘက်က ၀န်ထမ်းတွေ ဒီကိုရွှေ့ပြောင်းဖို့ရှိနေတာတော့ရှိပါတယ်။ ဒီလကုန်မှသိရ မှာပါ။ ကျွန်တော့်ဆီတော့ ခုထိညွှန်ကြားချက် မရောက်လာသေးပါဘူး။ လက်ရှိကျွန်တော်တို့က ပြည်သူ့ဥယျာဉ် မှာ ရေကူးကန်နဲ့ အားကစားကွင်းတို့ကို လုပ်ခွင့်ရထားတာပါ။ အခုလက်ရှိဝန်ထမ်းအင်အားက ၄၀ လောက်ရှိပါ တယ်”ဟု ပြည်သူ့ဥယျာဉ်ရှိ အားကစားကွင်းနှင့် ရေကူးကန်မန်နေဂျာ ဦးရေခဲက ပြောသည်။
“ကျွန်တော်တို့ ဘိုးလင်းစင်တာကတော့ ရှုခင်းသာအားကစားကွင်းထဲမှာ မပါပါဘူး။ ရှုခင်းသာ ကတော့ ဒီလကုန်မှာ သေချာပေါက် ပိတ်တော့မှာပါ။ ခုတောင် ပစ္စည်းတွေ သိမ်းဆည်းနေပါပြီ”ဟု Asia Point ဘိုးလင်းစင်တာမှ တာဝန်ရှိသူတစ်ဦးက ရှုခင်းသာပန်းခြံပိတ်သိမ်းမည့်အကြောင်း အတည်ပြုပြောကြားသည်။
အဆိုပါရှုခင်းသာ အပန်းဖြေအားကစားကွင်းသို့ ၁၉၉၆ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ယခုကဲ့သို့ ပန်းခြံပိတ်သိမ်းပြီး နောက်ဟိုတယ်အဖြစ် ပြန်လည်ဆောက်လုပ်ရန် စီစဉ်နေကြောင်း သတင်းများထွက်ပေါ်နေ သော်လည်း ယင်းအားကစားကွင်းမှ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်း မရှိသေး ပေ။
“ရေကူးကန်ဘက်ကို ရှုခင်းသာက ၀န်ထမ်းတွေပြောင်းရွှေ့မယ်ဆိုတာ သတင်းကြားပါတယ်။ ဒီလကုန်ဝန်ထမ်းတွေလာပြီး အလုပ်ဆင်းမယ်လို့ သိရပါတယ်”ဟု အဆိုပါ ကုမ္ပဏီနှင့် နီးစပ်သူတစ်ဦးက ပြော သည်။
7 DAY NEWS Journal - အတွဲ ၁၁၊ အမှတ် ၂၁
0 comments:
Post a Comment