<div style='background-color: none transparent;'></div>

Home » » အာရှရဲ့ မင်းသားမှ ပရိသတ်များသို့ ပြင်းထန်သော သတိပေး စကားပြောကြား

အာရှရဲ့ မင်းသားမှ ပရိသတ်များသို့ ပြင်းထန်သော သတိပေး စကားပြောကြား

Jang Keun suk သည် တရုတ်နိုင်ငံတွင် ပရိသတ် များကြောင့် လုံခြုံရေး စိုးရိမ် ရပြီးနောက် ရဲဝန်ထမ်းများ၏ ကာကွယ်မှုကို ရယူ ခဲ့ရသည်။ ဩဂုတ်(၁၁)ရက်က တရုတ်နိုင်ငံသို့ ရောက်ရှိစဉ် ပရိသတ် များက ဂျန်လိုက်ပါသည့် ကားနောက်မှ လိုက်ပါခြင်းဖြင့် လမ်းပိတ် ဆို့မှုကို ဖြစ်ပေါ်စေခဲ့ကြောင်း တရုတ်သတင်းစာ 21CN ကဖော်ပြခဲ့ သည်။ ဖျော်ဖြေပွဲနှင့် သတင်းစာ ရှင်းလင်း ပွဲတွင် ဂျန်သည် သူ၏ Weibo ဖြင့် အတင်းအကြပ် လိုက်ပါနေသူ ပရိသတ်များထံ ရှင်းလင်း ပြတ်သားသည့် မက်ဆေ့ခ်ျ တစ်စောင် ပေးပို့ခဲ့သည်။

“ခင်ဗျားတို့ စည်းမျဉ်းစည်းကမ်းတွေကို ဂရုမစိုက်ဘူးလား။ လုံခြုံရေးစိုးရိမ်ရတဲ့ အနေအထားမျိုး နောက်တစ်ခါ ထပ်ဖြစ်မယ်ဆိုရင်တော့ ကျွန်တော် တရုတ်နိုင်ငံကို ပြန်လာဖြစ်မယ်မထင်တော့ပါဘူးဗျာ”ဟု ဂျပန်က ပြတ်ပြတ်သားသားပြောဆိုခဲ့သည်။
“လုံခြုံရေးအရာရှိများကတော့ ကျွန်တော့်ကိုပြန်လာဖို့ပြောဆိုကြပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ ပရိသတ်တွေဟာ ဒီအပြုအမူမျိုးဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် တော့ ကျွန်တော်ဒီနေရာမှာ ထပ်မံဖျော်ဖြေနိုင်တော့မယ် မထင်ပါ ဘူး”ဟု သကပြောဆိုခဲ့သည်။
ဂျန်သည် အင်္ဂလိပ်ဘာသာဖြင့်လည်း သူ၏ Chinese SNS စာမျက်နှာတွင်ရေးသားခဲ့သေးသည်။ သို့ရာတွင် နောက်ပိုင်း၌ သူ၏ ပြောကြားချက်ကို ထိုစာမျက်နှာမှ ပယ်ဖျက်ခဲ့သည်။ ကိုရီးယားပေါ့ပ် စူပါစတား၏ ပရိသတ်များအပေါ် တုန့်ပြန်မှုကြောင့် တရုတ်သတင်း စာများတွင် အချိန်အတန်ကြာပင် အငြင်းအခုံဖြစ်ခဲ့သေးသည်
shade journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map