<div style='background-color: none transparent;'></div>

Home » » အမွေကိစ္စစကားများရာမှ မယားညီအစ်ကိုနှစ်ဦး ဓားရေးယှဉ် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

အမွေကိစ္စစကားများရာမှ မယားညီအစ်ကိုနှစ်ဦး ဓားရေးယှဉ် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

အမွေကိစ္စဖြင့် မယားညီအစ်ကိုနှစ်ဦး စကားများရန်ဖြစ်ရာမှ ဓားဖြင့် အပြန်အလှန် တိုက်ခိုက်မှုကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ရွှေပြည်သာမြို့နယ် ရဲစခန်းတွင် အပြန်အလှန် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

သြဂုတ်လ ၁၃ ရက်က ရွှေပြည်သာမြို့နယ်နေသူ အသက် ၂၄ နှစ်ရှိ ကိုညီညီထွန်း ၎င်း၏ဇနီး မ...တို့နှင့် မယားညီအစ်ကိုတော်သူ အသက် ၄၁ နှစ်ရှိ ကိုဝင်းဇင်သည် ရွှေပြည်သာမြို့နယ် ၉ ရပ်ကွက် မဟာမြိုင်လမ်းဘေးတွင် စကားများရန်ဖြစ်ပြီး ဓားကိုယ်စီဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။


ရန်ဖြစ်မှုကြောင့် အသက် ၂၄ နှစ်အရွယ် ကိုညီညီထွန်းမှာ သေဆုံးသွားပြီး ကိုဝင်းဇင်မှာ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရသဖြင့် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ သတင်းရရှိသည်။

သေဆုံးသူ ညီညီထွန်းက အရိုးအသွား ၁၁ လက်မခွဲခန့်နှင့် ဗြက် ၄ လက်မခန့်ရှိ အသားလှီးဓားဖြင့် ကိုဝင်းဇင်ကို ခုတ်ခဲ့ပြီး ကိုဝင်းဇင်က အရိုးအသွား ၁၃ လက်မခန့်ရှိ ဦးချွန်နှစ်ဘက်သွားဓားဖြင့် ကိုညီညီထွန်းကို ထိုးခဲ့ခြင်းဖြစ်သည်။

အမှုကို ရွှေပြည်သာရဲစခန်းက (ပ) ၈၉၅/၁၂ ပုဒ်မ ၃၀၂/ ၃၂၆၊ (ပ) ၈၉၆/၁၂ ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်နေသည်။

7Day News Journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map