Home »
သတင်း
» ချစ်သူသက်တမ်း၂ နှစ်ရှိ အဆိုတော်ဖြိုးကြီးရဲ့ လက်ရှိအခြေအနေ
ချစ်သူသက်တမ်း၂ နှစ်ရှိ အဆိုတော်ဖြိုးကြီးရဲ့ လက်ရှိအခြေအနေ
ခိုလှုံရာ’လို့အမည်ပေးထားတဲ့ ဒုတိယတစ်ကိုယ်တော် အခွေကို စီစဉ်နေတာကြာပြီဖြစ်တဲ့ တေးသံရှင်ဖြိုးကြီးက အခု အခွေရဲ့နာမည်ကို ‘မမုန်းကြေး’လို့ အမည်ပြောင်း လဲ ပေးလိုက်ပြီဖြစ်ပါတယ်။ ‘မမုန်းကြေး’ဆိုတဲ့ နာမည်က ပိုပြီးလတ်ဆတ်တယ်ထင်မိလို့ ပြောင်းလိုက်ရခြင်းဖြစ် ကြောင်းလည်း ဖြိုးကြီးကပြောပါတယ်။ ‘မမုန်းကြေး’ အခွေကတော့ သီချင်းတွေအားလုံးပြီးပြီဖြစ်ပြီး အခု Mixingဆွဲတဲ့ အဆင့်ရောက်နေပြီဖြစ်ပါတယ်။ စီစဉ်နေတာကြာပြီဖြစ်တဲ့ အဲ့ဒီအခွေထဲမှာ သီချင်းတွေမကြိုက် လို့ ပြန်ဖြုတ်ရတာ၊အသစ်ထပ်ထည့်တာမျိုးတွေ ရှိလားဆိုတော့…
”ကျွန်တော်အသံသွင်းတဲ့ အခွေ ၃ ခွေ PTL မှာရှိ တယ်။ အဲဒီ ၃ ခွေထဲကမှ ၁ဝ ပုဒ် ရွေးလိုက်တယ်။ ပြီးတော့ ဒီဘက်ခေတ်နဲ့ လိုက်ဖက်မယ့်သီချင်းမျိုးကို အပြင်မှာ Lazy Club နဲ့ထပ်တီးပြီး ၃ ပုဒ်ထပ်ထည့်တယ်။ ၁၃ ပုဒ်ပါတယ်။ အဲဒီလိုတော့ မျှထည့်ထားပါတယ်။ ဇူလိုင်လထဲမှာ ထွက်မှာပါ”လို့ ဖြိုးကြီးက သူ့အခွေအကြောင်းကို ပြောပြ ပါတယ်။ မကြာမီအချိန်မှာ မြန်မာနိုင်ငံဂီတ အစည်းအရုံးလည်း အသစ်ပြန်လည်ဖွဲ့စည်း တော့မှာဖြစ်တာကြောင့် အဲဒီအချိန်က ဖြိုးကြီးရဲ့ဒုတိယအခွေ ထွက်မယ့်အချိန်နဲ့ ကိုက် နေ တာ ကြောင့် ဘယ် လို ထူးခြား မှု တွေဖြစ်လာနိုင်မယ်ထင်မိလဲဆိုတော့ .. ”အဓိကကတော့ ပရိုဂျူဆာတွေလည်း အရင်လိုပဲဆက်လုပ်၊ တေးသံသွင်းဆိုင်တွေ လည်းလည်ပတ်၊ အဆိုတော်တွေကလည်း ကိုယ့်ခွေကိုယ်ထုတ်တယ်ဆိုရင် အဲဒီအခွေ ကပဲ အရင်းအနှီးပြန်ယူတာမျိုးဖြစ်စေချင် တယ်။ အခုဟာက အရှုံးခံပြီး Showထဲမှာပြန်ရှာရတာ သိပ်တော့ မကိုက်ဘူး” လို့ ဖြိုးကြီးကပြောပါတယ်။ အသစ်ပြန် လည်ဖွဲ့စည်းတော့မယ့် ဂီတ အစည်းအရုံး ပေါ်မှာကောဂီတလောကသားတစ်ယောက် ဖြစ်တဲ့ဖြိုးကြီးအနေနဲ့ ဘယ်လိုဖြစ်စေချင်လဲဆိုတော့… ”အမှန်အတိုင်းပြောရရင်တော့ ဖြစ်ချင်တာရယ်၊ ဖြစ်သင့်တာရယ်၊ လက်ရှိဂီတလောကမှာ ဘယ်လောက်ကောင်းအောင် ဖြစ်လာနိုင်မလဲတော့ မျှော်လင့်မိတာပေါ့။ အတင်း အဓမ္မကြီး နွေခေါင်ခေါင်မိုးရွာခိုင်းတာ မျိုးတော့မဟုတ်ဘူးပေါ့။ ဖြစ်သင့်တာလေးတွေတော့ လုပ် စေချင်တယ်။ ဥပမာနှိုင်းယှဉ် ပြောတာတော့မဟုတ်ဘူး။ ရုပ်ရှင်ဘက်မှာ ဆိုရင် ‘မာမီရှိန်း’ခိုးကူးထွက်လာတယ်။ အဲဒါကို တကယ်လိုက်ဖမ်းတဲ့အခါ ခိုးကူးက မာမီရှိန်းဆို မတင်ရဲတော့ဘူး။ အဓိကပစ်မှတ်ကတော့ ခိုးကူးပဲ။ ဒါကဖြစ်ချင် တာပေါ့နော်။ ဖြစ်သင့်တဲ့အပိုင်းမှာတော့ ဘယ်လိုဖြစ်မလဲမသိဘူး။ ဘာကြောင့် အဲဒါပြောလဲဆိုတော့ အဆိုတော် ၁ဝဝ ရာခိုင်နှုန်းမှာ ၉ဝ လောက်က ကိုယ့်အခွေကိုယ် ထုတ်နေရတာ။ ခွေတစ်ခွေရဲ့ အရင်းအနှီးကလည်း နည်းတာမဟုတ်ဘူး။ အဓိကက ဘာကြောင့်လဲဆိုတော့ ဖြန့်ချိရေး၊ ထုတ်လုပ်သူတွေ မရှိတော့ဘူး။ အဲဒီတော့ ထုတ်လုပ်သူတွေကို ပြန်ပြီးအသက်သွင်းဖို့တော့ လိုမယ်။ ခိုးကူးကိုပပျောက်ဖို့ ဆိုတာထက် နည်းနည်းလေး ငြိမ်သက်အောင်တော့ လုပ်ထားသင့်တယ် ထင်တယ်။ အခုဟာက စီဒီထွက်တာတောင် အရုပ်နဲ့ထည့်ပြီး ကာရာအိုကေလို လုပ်တာမျိုးကတော့ ရုပ်ပျက်ပါတယ်” လို့ ဖြိုးကြီးက သူ့ခံစားမှုတွေကို ပြောပါတယ်။ လက်ရှိမှာ ဖြိုးကြီးကို ပရိသတ်တွေ စိတ်အဝင်စားဆုံးကတော့ မင်္ဂလာသတင်းလို့ပဲ ပြောရမှာပါ။ အဲဒီမင်္ဂလာသတင်းက ဘယ်တော့လောက်ကြားရမလဲဆိုတာ မေးတော့ “ကျွန်တော်ကြိုးစားနေပါတယ်။ လိုအပ်တဲ့နေရာလေးတွေ ဖြည့်ရဦးမယ်။ တော်တော်များများတော့ ဖြည့်ပြီးသွားပါပြီ။ ပြီးတော့အနုပညာရော၊ ဘဝရော ၂ ခုလုံးအတွက် ကျွန်တော့်မှာ အစီအစဉ်တွေ ဆွဲထားတာရှိပါတယ်။ အုတ်မြစ်ခိုင်ပြီး အထပ်မြင့်မြင့်တက်လို့ရအောင် လုပ်နေတာပါ။ အထပ်နိမ့်နိမ့်လေးနဲ့တော့ မလုပ်ချင်ဘူး။ အားလုံး အသေးစိတ်သေချာရင်တော့ သိရမှာပါ။ ခု ကျွန်တော်တို့ချစ်သူသက်တမ်းက ၂ နှစ် ကျော်ပါပြီ”ဆိုတာကို ဖြိုးကြီးက သူပြောနိုင်သမျှ ဖြေပေးခဲ့ပါတယ်။
ရဲရဲ
1 comments:
ဖတ်ရှုသွားတယ် အကိုရေ...:-)
Post a Comment