<div style='background-color: none transparent;'></div>

Home » » အုပ်စုလိုက်ထိုးနှက်မှုကြောင့် လူငယ်တစ်ဦးသေဆုံး

အုပ်စုလိုက်ထိုးနှက်မှုကြောင့် လူငယ်တစ်ဦးသေဆုံး


မွန်ပြည်နယ်ကျိုက်ထိုမြို့တွင် လူငယ်ချင်းစကားများရန်ဖြစ်ရာမှ သေဆုံးခဲ့ရသောဖြစ်ရပ်တစ်ခု ဇူလိုင်လက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းသို့ရန်ဖြစ်ရာတွင် လူငယ်တစ်ဦးအား အခြားလူငယ်ခြောက်ဦးက ၀ိုင်းဝန်းထိုးကြိတ်ခဲ့ကြ ခြင်းဖြစ်ကာ လက်သီးဖြင့် ထိုးကြိတ်ခြင်းများအပြင် လေးခွနှင့်ဓားများကိုပါ အသုံးပြုခဲ့ကြသောကြောင့် ခံရသူလူ ငယ်မှာ ဆေးရုံသို့ အချိန်မီတင်သော်လည်း သေဆုံးသွားခဲ့ကြောင်း သိရသည်။


ယင်းဖြစ်စဉ်ကြောင့် ဝေဖြိုးမင်းအသက်(၁၉)နှစ်မှာ အခင်ဖြစ်ပြီးနောက်နေ့တွင် ရရှိထားသော ဒဏ်ရာများကြောင့် သေဆုံးခဲ့ရကြောင်းနှင့် ယင်းဖြစ်စဉ်အား(ပ)၉၉/၁၂၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၂၆ မှ ၃၀၂ အရ ကျူးလွန်သူ ချမ်းမြေ့အောင်၊ ရဲလင်းကို၊ တင်ထွေး၊ရဲမင်းအောင်၊ ဖိုးမောင်နှင့် အောင်ကျော်လင်းတို့အား အရေးယူခဲ့ပြီး တင်ထွေး၊ ရဲမင်းအောင်၊ ဖိုးမောင်နှင့် အောင်ကျော်လင်းတို့လေးဦးမှာ ထွက်ပြေးတိမ်းရှောင်နေ ကြကြောင်း သိရသည်။
 Flower News Journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map