<div style='background-color: none transparent;'></div>

Home » » လတ်တလော ကြားနေရတဲ့ သတင်း တွေနဲ့ ချောရတနာ

လတ်တလော ကြားနေရတဲ့ သတင်း တွေနဲ့ ချောရတနာ


လတ်တလောမှာ ဇာတ်ကား ရိုက်ကူး မှုတွေကို ခဏနား ထားတဲ့ ချောရတနာက  မကြာမီမှာ ရုံတင် ပြသတော့မယ့် ‘၃’ ရုပ်ရှင် ကားကြီး မှာလည်း ပါဝင် သရုပ်ဆောင် ထား ပါတယ်။ ဒီဇာတ်ကား လေးက တောရွာ ဇာတ်လမ်းလေးဖြစ်ပြီး ချော ရတနာက အရူးမ တစ်ယောက်ဖြစ် သရုပ် ဆောင် ထားပါတယ်။
ဒီရုပ်ရှင် ကားကြီးမှာ အရူး တစ်ယောက် အဖြစ် သရုပ်ဆောင် ထားတဲ့ ချောရတနာက ဒီဇာတ်ကားလေးကို ပုပ္ပားမှာ သွားရိုက်ထားပြီး ဇာတ်ကား ရိုက်တုန်းက ပရိသတ်တွေ နဲ့အမှတ်တရတွေလည်း ရှိခဲ့ကြောင်း ကို”အရူးမတစ်ယောက်ပေါ့။ ကိုယ့်ကြောင့် လည်းတစ်ရွာလုံးက ပြဿနာတွေ တက်ကြတယ်။ ကိုယ်က အဲဒီတစ်ကားလုံးမှာ အမွှေ ပုံစံလေးပေါ့။
အဲဒီကားကို ကျွန်မတို့ ပုပ္ပားမှာ သွားရိုက် ထားတာ။အမှတ်တရတွေ လည်းရှိ ခဲ့တယ်။ ပြဇာတ်ရုံ တစ်ခုမှာ ပရိသတ်တွေ အများကြီးရှေ့မှာ ပြဇာတ် ကနေရသလို ခံစားရတယ်။ အမှတ် တရ တစ်ခု က အပင် အောက်မှာ သီ ချင်း ဆို တဲ့ အခန်းပေါ့။ အဲဒီ အခန်းကို ရိုက် တဲ့အချိန် မှာလာ ကြည့် တဲ့ ပရိသတ်တွေ က အများကြီးပဲ ။ အဲဒီကပရိ သတ်တွေ က ပွဲတစ်ခုခု လာကြည့်နေသလို ထမင်းချိုင့်တွေ ပါလာကြတာ။ အပြင်က တကယ့်အရူး တစ်ယောက်လိုလုပ် ရတာ။ ကိုယ့်ကိုယ်ကို တကယ် ရူးသွားပြီလို့ တောင် ထင်ရ တယ်။ ရိုက်ကူးရေး ဘက်မှာတော့ ပရိသတ်တွေ အများကြီး လာကြည့်တဲ့ အတွက် အခက်အခဲတွေ နည်းနည်း ရှိခဲ့တယ်” လို့ပြောပါတယ်။
ဗီလိန်ဇာတ်နဲ့ ပရိသတ်တွေ ကြား မှာ နေရာ တစ်နေရာ အခိုင်အမာရရှိ လာတာကို လည်း တွေ့ရပါတယ်။ ဗီလိန် ဇာတ်ရိုက်ရ တဲ့အတွက် ပရိသတ်တွေရဲ့ အမြင် ကိုလည်း စိုးရိမ်ကြောင်း ပြော တဲ့ ချောရတနာ က”အခုနောက်ပိုင်း မှာတော့ ဗီလိန်ဇာတ် ကို ပရိသတ်တွေ ကြိုက်ကြတဲ့ အတွက် ဝမ်းသာ ပါတယ်။ အရင်တုန်းကဆိုရင် ဗီလိန် ဇာတ်ကို မုန်းသွား တဲ့ သူရှိ တယ်။ ဒီပရိသတ် တွေကို ကျွန်မယုံကြည်လို့ ရိုက်ရဲ တာပါ။ အရင်ကဆိုရင် ဗီလိန် ကဗီလိန်ပဲ မုန်းသွားကြ တာ။ အခုကျတော့ ဘယ်ကာရိုက်တာ ပဲ ရိုက်ရိုက် ပရိ သတ်တွေ အား ပေးလာကြ တဲ့အတွက် ယုံကြည်ပြီး ရိုက်တာပါ။ အရင်တုန်းကကျ တော့ တအားစိုး ရိမ်တာ။ ပရိသတ် တွေက လည်း အစ်မ ကိုဒီကာရိုက်တာလုပ် တာ သဘောကျ ကြတဲ့ လူရှိသလို၊ မကြိုက်ကျ တဲ့သူတွေ လည်းရှိတယ်” လို့ပြောတဲ့ ချောရတနာ က ကိုယ့်ကို လာအပ်တဲ့ဇာတ်တွေ အပေါ်မှာပဲ ရွေးချယ် နေ ရကြောင်း ပြော ပါ တယ်။
မိသားစု ဇာတ် လမ်းကလည်း အရိုက် ချင်ဆုံး ဇာတ်လမ်းဖြစ် ကြောင်း ပြောပါတယ်။ ဒီနှစ်အတွင်း မှာ အပျိုကြီးဘဝကနေ မကြာမီစွန့် လွှတ် တော့ မှာဖြစ်ကြောင်း လည်း သတင်းတွေ ကြားနေ ရပြီး သေချာသလောက် ရှိနေပြီ ဖြစ်ကြောင်း လည်း သိရပါတယ်။
popular news journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map