<div style='background-color: none transparent;'></div>

Home » » စင်ကာပူဖလားပြိုင်ပွဲအတွက် မြန်မာနိုင်ငံMe N Ma GirlBand အဖွဲ့မှမနက်ဖြန်ဖျော်ဖြေမည်

စင်ကာပူဖလားပြိုင်ပွဲအတွက် မြန်မာနိုင်ငံMe N Ma GirlBand အဖွဲ့မှမနက်ဖြန်ဖျော်ဖြေမည်

ဇူလိုင်လတွင် ကျင်းပပြုလုပ်မည့် စင်ကာပူဖလားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ Me N Ma GirlBand အဖွဲ့ သွားရောက်ဖျော်ဖြေရန် စီစဉ်ထားသည်ဟု သတင်းရရှိပါသည်။ စင်ကာပူ ဖလားပြိုင်ပွဲသည် ဇူလိုင် လ ၂ရက်နေ့မှ ၉ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ပြည်ပနိုင်ငံများမှ ဖိတ်ခေါ်အသင်းများအဖြစ် ကမ္ဘောဇ FC အသင်းနှင့် ဖိလစ်ပိုင်နိုင်ငံမှ Loyola Meralco Sparks အသင်း တို့ ပါဝင်ကစားသွားမည်ဟု သိရှိရပါသည်။
အဆိုပါပြိုင်ပွဲတွင် ဖိလစ်ပိုင်  Idol ပြိုင်ပွဲမှ ပထမဆုရှင် Ms Mau Marcelo  နှင့်မြန်မာနိုင်ငံမှ Me N Ma Girl Band တို့က ဖျော်ဖြေသွားရန် စီစဉ်ထားခြင်းဖြစ်သည်ဟု သိရှိရပါသည်။
“ဘောလုံးပြိုင်ပွဲ စီစဉ်သူတွေက ဖိတ်လာတာပါ။ ပြည်ပဖျော်ဖြေပွဲမှာ မြန်မာ girl band  အနေနဲ့ ဖျော်ဖြေခွင့် ရတဲ့အတွက်လည်း ၀မ်းသာမိပါတယ်။ အတွေ့အကြုံလည်း ရတာပေါ့လေ။ Me N Ma အဖွဲ့နဲ့အတူ ဖိလစ်ပိုင် Idol  က ပထမရထားတဲ့သူလည်း ပါဝင်မယ်ဆိုတော့ ဂုဏ်ယူမိသလို အနုပညာပိုင်းဆိုင်ရာတွေလည်း ဖလှယ်ခွင့်အများကြီးရမယ်လို့ ထင်ပါတယ်”  ဟု Me N Ma Girl Band  မှမန်နေဂျာ ကိုသက်ပိုင်ဖြိုးက ရှင်းပြခဲ့သည်။
မြန်မာနိုင်ငံမှ Me N Ma Girl Band အဖွဲ့သည် ဇူလိုင်လ ၈ ရက် နေ့တွင် ဖျော်ဖြေရန်စီစဉ်ထားပြီး ဖိလစ်ပိုင်  Idol  မှ ပထမဆုရှင်မှာမူ ဇူလိုင်လ ၅ ရက်နေ့တွင် ဖျော်ဖြေရန် စီစဉ်ထားသည်ဟု သိရှိရပါသည်။ ဖျော်ဖြေချိန်များကို ဘောလုံးပွဲများ မကစားမီအချိန်နှင့် ပွဲတစ်ဝက်နားချိန်များတွင် ပြုလုပ်ရန် စီစဉ်ထားသည်ဟု  သိရှိရသည်။
eleven media group
Share this article :

1 comments:

အလွမ်းမြို့ said...

ရောက်ခဲ့တယ်။။သာမီးလည်း သွားဆိုမယ်။ (မောင့်အချစ်မြှားစူး)
အဟဲ

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map