<div style='background-color: none transparent;'></div>

Home » » တရုတ်နိုင်ငံတွင် အရက်မူးနေသည့် ယာဉ်မောင်းက အမျိုးသမီးတစ်ဦးကို တိုက်ခိုက်ကာမျက်နှာကို ကိုက်ဖြတ်စားသောက်

တရုတ်နိုင်ငံတွင် အရက်မူးနေသည့် ယာဉ်မောင်းက အမျိုးသမီးတစ်ဦးကို တိုက်ခိုက်ကာမျက်နှာကို ကိုက်ဖြတ်စားသောက်


မေလအတွင်းက အမေရိကန်ပြည်ထောင်စု မီယာမီတွင် ရူဒီယူဂျင်းဆိုသူက အိမ်ခြေရာခြေမဲ့လူတစ်ဦးကို တိုက်ခိုက်ကာမျက်နှာအား ကိုက်ဖြတ်စားသောက်ခဲ့မှုသည် တရုတ်နိုင်ငံသို့တိုင် ပံျ့နှံ့လာခဲ့ကြောင်း DMသတင်းဌာနက ဇူလိုင်လ၂ရက်နေ့တွင် ဖော်ပြသည်။ တရုတ်နိုင်ငံတွင် အရက်မူးနေသော ဘတ်စ်ကားဒရိုင်ဘာတစ်ဦးသည် အမျိုးသမီးတစ်ဦးကို ရုတ်တရက်တိုက်ခိုက်ကာ မျက်နှာအားကုတ်ဖဲ့ စားသောက်ခဲ့မှုအား ကင်မရာမှရိုက်ကူးရရှိခဲ့သည်။ဒေါင်ဟုအမည်ဖော်ပြသော ဒရိုင်ဘာသည်နေ့လည်စာ စားချိန်အတွင်း အရက်အလွန်အကျွံသောက်ကာ ယင်းကဲ့သို့ ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံအရှေ့တောင်ပိုင်း ၀မ်ကိျု့မြို့တွင် သူသည်လမ်းပေါ်သို့ ပြေးထွက်လာကာ ဒူအမည်ရှိအမျိုးသမီးတစ်ဦး မောင်းနှင်လာသော ကားရှေ့၌ပိတ်ရပ်ခဲ့သည်။ သူသည်ကားစက်ဖုံးပေါ်သို့ ခုန်တက်ကာ မော်တော်ကားအားရိုက်ခွဲခဲ့ပြီး အမျိုးသမီးက ငယ်သံပါအောင် အော်ဟစ်ကာ အကူအညီတောင်းခံခဲ့သည်။ဒူသည်ကားကိုစွန့်ခွာထွက်ပြေးရာ ဒေါင်ကအမျိုးသမီးအား ခုန်အုပ်လျက် မြေပေါ်သို့ဆွဲလှဲကာ မျက်နှာကိုကုတ်ဖဲ့လျက် ကိုက်ဖြတ်စားသောက်ခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့များရောက်လာပြီး ဒေါင်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ အမျိုးသမီးသည် နှာခေါင်းနှင့်နှုတ်ခမ်းများ ပျက်စီးသွားသောကြောင့် ပလတ်စတစ်ဆာဂျရီ ပြုလုပ်ရန်လိုအပ်လိမ့်မည် ဖြစ်ကြောင်းသူ့အားတင်ပို့ခဲ့သည့် ဆေးရုံမှဆရာဝန်များက ပြောကြားခဲ့သည်။
ပြည်မြန်မာဂျာနယ်
Share this article :

1 comments:

ကမ္ဘာငယ်လေး said...

Pdwfrauာင်းဘာဘူး:D

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map