<div style='background-color: none transparent;'></div>

Home » » Facebook, Twitterမှာ လူမျိုးရေးခွဲခြားတဲ့မှတ်ချက်တွေ ရေးသားမှုနဲ့ စင်ကာပူမှာ ၂ ယောက် အဖမ်းခံရ

Facebook, Twitterမှာ လူမျိုးရေးခွဲခြားတဲ့မှတ်ချက်တွေ ရေးသားမှုနဲ့ စင်ကာပူမှာ ၂ ယောက် အဖမ်းခံရ

Facebook နဲ့ Twitter မှာ လူမျိုးရေးခွဲခြားတဲ့မှတ်ချက်တွေ ရေးသားမှုနဲ့ ဆယ်ကျော်သက် ၂ ယောက်ကို စင်္ကာပူရဲတွေက ထိန်းသိမ်းလိုက်တယ်
လို့ ဂျကာတာပို့စ် သတင်းစာ http://www.thejakartapost.com/news/2012/07/02/singapore-police-arrest-2-making-racist-remarks-online.html မှာ ရေးထားပါတယ်။
အသက် ၁၇ နှစ်အရွယ် အမျိုးသား ၂ ယောက်ပါ။

ပြီးခဲ့တဲ့လကုန်ပိုင်း သူတို့ရဲ့ ရေးသားချက်တွေဟာ မတူကွဲပြားတဲ့လူမျိုးစုတွေကြား ရန်မီးပွားအောင် သွေးထိုးပေးရာရောက်တယ်လို့ ရဲက ဆိုပါတယ်။

ဘာတွေ ဖြစ်ခဲ့သလဲ?



၂၇ ရက်နေ့ - အာဏာပိုင်တို့က သူတို့ရဲ့ အရေးအသားတွေကို Facebook နဲ့ Twitter မှာ တွေ့လိုက်တယ်။
၂၈ နဲ့ ၂၉ ရက်နေ့ - စုံစမ်းပြီးနောက်ပိုင်းမှာ သူတို့ ဘယ်သူတွေဖြစ်တယ် ဆိုတာကို ဖော်ထုတ်နိုင်ပြီး သွားဖမ်းလိုက်တယ်။

ဥပဒေအရ ဒီလိုအမှုတွေဟာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် စင်္ကာပူဒေါ်လာ ငါးထောင်အထိ ချလို့ရ၊ ထောင်ဒဏ်ပေးမယ် ဆိုရင်လည်း ၃ နှစ်အထိ ပေးလို့ရတယ် တဲ့။ ထောင်ဒဏ်ရော ငွေဒဏ်ပါ ချလို့ ရသေးတယ်လို့ ဆိုတယ်။

ဒီပြစ်ဒဏ်တွေဟာ ပထမအကြိမ် ကျူးလွန်သူများအတွက်လို့ သတင်းက ဆိုတယ်။ အကြိမ်ကြိမ်ကျူးလွန်သူတွေကို ဘယ်လို စီရင်တယ် ဆိုတာတော့ သတင်းထဲမှာ ရေးမထားပါ။

လူမျိုးရေး၊ ဘာသာရေး စော်ကားမှုတွေဟာ လွတ်လပ်စွာထုတ်ဖော်ခွင့်ထဲမှာ မပါဘူး လို့ ရဲအရာရှိ How Kwang Hwee ရဲ့ မှတ်ချက်ကိုလည်း သတင်းမှာ ကိုးကားထားပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ ပတ်သက်ပြီး ဇာဂနာက ပြီးခဲ့တဲ့လထဲမှာ ရေးသားခဲ့ပါသေးတယ်။ ဗြိတိန်နိုင်ငံ ဂါးဒီးယန်း သတင်းစာမှာပါ။

"Burmese must use freedom of expression to promote peace, not conflict"

"မြန်မာပြည်သားတွေလည်း လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ငြိမ်းချမ်းရေးအတွက် အသုံးပြုသင့်ပါတယ်၊ ပဋိပက္ခတိုးပွားဖို့အတွက်တော့ မသုံးသင့်ပါဘူး" တဲ့။

ဇာဂနာရဲ့ ဆောင်းပါးတိုကို http://www.guardian.co.uk/commentisfree/2012/jun/17/test-new-burma-ethnic-violence?INTCMP=SRCH မှာ ဖတ်နိုင်ပါတယ်။

http://blog.irrawaddy.org/2012/07/facebook-twitter.html
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map