<div style='background-color: none transparent;'></div>

Home » » "ကမ္ဘာကျော်မင်းသား ဂျက်ကီချမ်း ဇူလိုင် ၅ ရက်နေ့ မန္တလေး လာမည်"

"ကမ္ဘာကျော်မင်းသား ဂျက်ကီချမ်း ဇူလိုင် ၅ ရက်နေ့ မန္တလေး လာမည်"


ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင် ကွန်ဖူး မင်းသား ဂျက်ကီချမ်းမှာ ဇူလိုင်လ ၅ ရက်နေ့တွင် မန္တလေးသို့ လာရောက်မည် ဖြစ်ကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (Unicef)မှ ထုတ်ပြန်ထားသည်။
Unicef ၏ သံတမန်တစ်ဦးဖြစ်သူ ဂျက်ကီချမ်းမှာ တရုတ်နိုင်ငံ ပေကျင်းမြို့မှ တစ်ဆင့် မန္တလေးမြို့သို့ လာရောက်မည်ဖြစ်ပြီး ဇူလိုင် ၅ ရက်ညနေ ၃ နာရီ တွင် ၄င်း၏ အထူးလေယာဉ်ဖြင့် လာရောက်မည်ဖြစ်ကြောင်း ဇူလိုင် ၅ ရက် ညနေ ၄ နာရီမှ ၆ နာရီအထိ မန္တလေး တောင်တော်သို့ လေ့လာလည်ပတ် မည်ဖြစ်ကြောင်း Unicef မှ ထုတ်ပြန်ထားသည်။
ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (Unicef )၏ အထူးသံတမန် တစ်ဦးဖြစ်သူ ကမ္ဘာကျော် မင်းသား ဂျက်ကီချမ်းမှာ မြန်မာနိုင်ငံ တွင် ကလေးသူငယ်များအား လူကုန်ကူးခြင်းမှ ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းများကို အားပေးမြှင့်တင်ရန်နှင့် လူကုန်ကူးခံရပြီး လွတ်မြောက် လာသည့် ကလေးငယ်များကို အားပေးတွေ့ဆုံရန် လာရောက်ခြင်း ဖြစ်ကြောင်း Unicef မှ သိရသည်။
ဂျက်ကီချမ်းသည် ဇူလိုင်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်၊ ၁ဝ-ထပ်၊ Unicef ရုံး၌ ၄င်း၏ အတွေ့အကြုံများကို မီဒီယာ များနှင့် တွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်ကြောင်း ထပ်မံ သိရသည်။


မောင်တာpopular myanmar news
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map