<div style='background-color: none transparent;'></div>

Home » » မိုးယုစံရဲ့ အသက် ၂၁ ပြည့်မွေးနေ့ ကျင်းပ(သတင်း/ဓာတ်ပုံ)

မိုးယုစံရဲ့ အသက် ၂၁ ပြည့်မွေးနေ့ ကျင်းပ(သတင်း/ဓာတ်ပုံ)

 သရုပ်ဆောင် မိုးယုစံက သူ့ရဲ့ မွေးနေ့ပွဲကို ဒီလ ၁၁ ရက်နေ့က လန်ဒန်မြို့မှာ ကျင်းပခဲ့ပါတယ် တဲ့။

ရန်ကုန်ပြန်ရောက်တော့လည်း မွေးနေ့ပွဲ လုပ်ပါတယ်။ အဲဒီပွဲကို တက်တဲ့ ဧည့်သည်တွေထဲမှာ ဖိုးလပြည့်လည်း ပါပါတယ်။

သူတို့ ၂ ယောက်တွဲပုံတချို့ ဒီရက်ပိုင်း Facebook မှာ အတွေ့ရများနေပါတယ်။

မွေးနေ့ပွဲမှာရိုက်ထားတဲ့ သူတို့ ၂ ယောက်တွဲပုံကို တွေ့တော့ တချို့ကလည်း သို့လော သို့လော ယူဆကြပါတယ်။ မွေးနေ့ရှင်က သူ့ပွဲလာသူတိုင်းနဲ့ ဓာတ်ပုံတွဲရိုက်မှာပါပဲ။




 မွေးနေ့ပွဲတက်သူအများအပြား ကင်မရာ သို့မဟုတ် စမတ်ဖုန်း ကိုင်ကြလေတော့ ပုံတွေ များစွာ ရိုက်ထားကြတဲ့ထဲက ပရိသတ်စိတ်ဝင်စားတဲ့ ဖိုးလပြည့်ပုံတွေပဲ အွန်လိုင်းမှာ ပြန့်ကျဲနေပါတော့တယ်။ သူတို့နှစ်ယောက်က ကျောင်းနေဘက်တွေ ဖြစ်တယ်လို့ Facebook သုံးသူ တယောက်က ဆိုပါတယ်။
မွေးနေ့ရှင်အကြောင်း ပြန်ဆက်ရရင် ရုပ်ရှင် ဂီတလောကသားများ အသက် ၄ဝ ဝန်းကျင် (တချို့လည်း ၃၀ ဝန်းကျင်) ရောက်ပြီ ဆိုရင် မွေးနေ့ပွဲ ခြိမ့်ခြိမ့်သဲ လုပ်ကြပေမယ့် ကိုယ့်အသက် ဘယ်လောက်ဆိုတာကို ထိပ်တန်း လျှို့ဝှက်ချက်ကြီးလို သျှိုထားတတ်ကြပါတယ်။

ငယ်သူတွေကတော့ အဲဒါနဲ့ ဆန့်ကျင်ဘက်ပါ။ ကိုယ့်ရဲ့ ပျိုမြစ်မှုကို ဖော်ထုတ်တဲ့အနေနဲ့ အသက် ဘယ်လောက် ရှိပြီ ဆိုတာကို မွေးနေ့ပွဲတွေမှာ ထုတ်ပြောကြပါတယ်။

မိုးယုစံကတော့ ဒီပွဲဟာ သူ့ရဲ့ ၂၁ နှစ်ပြည့်ပွဲပါ တဲ့။


DSC_0010
သူက မော်ဒယ်လ်ရှိုးတွေလျှောက်၊ ပထမဆုတွေ တသီကြီးယူပြီး သရုပ်ဆောင်လောကထဲ ရောက်လာသူပါ။
DSC_0034
အခုထိတော့ မိုးယုစံကို သူ့ရဲ့ သရုပ်ဆောင်ချက်တွေထက် သူ့အပြုံးကြောင့် ပိုပြီး လူသိများနေပုံရပါတယ်။
DSC_0047
ဒီနှစ် သူ့မွေးနေ့မှာ ဘာတွေ လုပ်တယ် ဆိုတဲ့အကြောင်း ဂျာနယ်တွေမှာ ဖော်ပြရေးသားနေကြပြီလို့ ယူဆရပါတယ်။
DSC_0060
ပြီးခဲ့တဲ့နှစ်ကတော့ သူက ရုပ်ရှင်အစည်းအရုံး၊ အမေများ အဖွဲ့၊ ကိုလူချောတို့ အဖွဲ့၊ စိတ်ကျန်းမာရေး ဆေးရုံ၊ ဇီဝိတဒါန သံဃာ့ဆေးရုံ၊ နှင်းဆီကုန်း ဘိုးဘွားရိပ်သာ၊ ရွှေဂုံတိုင် မိဘမဲ့ ကလေးများ ဂေဟာ တို့ကို အလှူငွေကျပ် သုံးသိန်းစီ လှူဒါန်းခဲ့ပါတယ် လို့ ရွှေအမြုတေ သတင်းတပုဒ်မှာ တွေ့ရပါတယ်။
cmsmdy.(irrawady)
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map