<div style='background-color: none transparent;'></div>

Home » » စင်ကာပူကနိုင်ငံခြားသားအလုပ်သမားများအတွက် ကန့်သတ်ချက်များ တိုးမြှင့်ထုတ်ပြန်

စင်ကာပူကနိုင်ငံခြားသားအလုပ်သမားများအတွက် ကန့်သတ်ချက်များ တိုးမြှင့်ထုတ်ပြန်


နိုင်ငံရပ်ခြားမှ စင်ကာပူတွင် လာရောက်လုပ်ကိုင်ကြသူ များပြားလာမှုနှင့် မိသားစုများအတွက် စင်ကာပူအလုပ်သမားဝန်ကြီးဌာနက ကန့်သတ်ချက်များတိုးမြှင့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ အဆိုပါ ထုတ်ပြန်ချက်တွင် နိုင်ငံခြားသား အလုပ်သမားများအနေဖြင့် ၎င်းတို့၏မိသားစုဝင်များအား စင်ကာပူနိုင်ငံသို့ ခေါ် ယူလိုပါက အခြေခံဝင်ငွေ တစ်လလျှင် စင်ကာပူဒေါ်လာ ၂၈၀၀ ရှိရန်သတ်မှတ် ထားရာမှ ၀င်ငွေ ၄၀၀၀ ရှိ ရမည်ဟု တိုးမြှင့် သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံခြားသားလုပ်သားများအနေဖြင့် ၎င်းတို့၏မိသားစုဝင်များကို အလည်အပတ်ခေါ် ဆောင်ရာတွင်လည်း ကာလကြာရှည်စွာခွင့်ပြုတော့မည်မဟုတ်ကြောင်း သိရသည်။
ယင်းတိုးမြှင့်လိုက်သည့် ကန့်သတ်ချက်များကြောင့် စင်ကာပူနိုင်ငံတွင် လတ်တလောလုပ်ကိုင်နေသော နိုင်ငံခြားသားမိသားစုဝင်များ အပေါ် ထိခိုက်မှုမရှိသော်လည်း ၁-၉-၂၀၁၂ ရက်နောက်ပိုင်းတွင် ၀င်ရောက်လာမည့် နိုင်ငံခြားသားအလုပ်သ များအတွက် ကန့်သတ်ချက်များတိုးမြှင့် ထုတ်ပြန်ရခြင်းမှာ စင်ကာပူနိုင်ငံသို့ နိုင်ငံခြားသား ၀င်ရောက်မှုအရေအ တွက် မြင့်မားနေမှုကို ထိန်းညှိရန်ဖြစ်ကြောင်း၊ နိုင်ငံရပ်ခြားမှ ကျွမ်းကျင်သူများအား ဆက်လက်ကြိုးဆိုနေမည် ဖြစ်ကြောင်း စင်ကာပူနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အဆိုပါထုတ်ပြန်ကြေညာချက် အား စင်ကာပူပါလီမန် လူဝင်မှုကြီးကြပ်ရေး ဥပဒေပြင်ဆင်မှုဖြင့် ၉-၇-၂၀၁၂ ရက်တွင် အတည်ပြုပေးခဲ့ကြောင်း သိရသည်။
  ပြည်မြန်မာသတင်းဂျာနယ်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map