<div style='background-color: none transparent;'></div>

Home » » အချစ်အကြောင်းတွေးရင် အလုပ်မှာ ထိခိုက်တယ်ဆိုတဲ့ အေသင်ချိုဆွေ

အချစ်အကြောင်းတွေးရင် အလုပ်မှာ ထိခိုက်တယ်ဆိုတဲ့ အေသင်ချိုဆွေ


အေသင်ရဲ့ “အနီးဆုံးလူ နမ်းမှာလား” ဗွီစီဒီ ဘယ်တော့ လောက် ထွက်ဖြစ်မလဲ။
ဗွီစီဒီ တော့ မထွက်သေးဘူး။ အခု လောလော ဆယ် ဒုတိယ Album အသစ် ထွက်ဖို့ စီစဉ်နေတယ်။
Album အသစ်က Own Tune လား၊ ဒါမှမဟုတ် Copy လား၊ ဘယ်လိုသီချင်းပုံစံလဲ။
Own Tune များမယ်။ Copy ကတော့ နှစ်ပုဒ်လောက်ပါမယ်။ Album အသစ်ထဲမှာ။
Album အသစ်ရဲ့ တေးရေး ဆရာ တွေကရော..
တေးရေးဆရာတွေက ကိုမင်းကို၊ ကိုဟဲလေး၊ ကိုဖိုးကာ ပြီးတော့ ဦးစိုးလင်း၊ ကို J-me ၊ ကိုရသ၊ ကိုကြက်ဖ၊ နောက်ပြီး အေသင်ကိုယ်တိုင် ရေးထားတဲ့ သီချင်းတွေလည်း ပါမယ်။ ကိုဇင်မင်းခန့် ရေးထားတဲ့ သီချင်းလည်း ပါမယ်။ အများကြီးပါပဲ။
အေသင်ရေးတဲ့ သီချင်းက Own Tune လား၊ Copy လား။
အေသင် Own Tune တော့ မရေးနိုင်သေးပါဘူး။ Copy လေးပဲ အေသင် ရေးထားတာပါ။ နှစ်ပုဒ်လောက်တော့ ပါမယ်။
သီချင်းဆိုတာနဲ့ သီချင်းရေးတဲ့အခါမှာ ကွာခြားတဲ့ စိတ်ခံစားချက်လေးကရော..
သီချင်းရေးတာကျတော့ တစ်ယောက်တည်း ရှိနေတဲ့အချိန်မှာ ကိုယ့်ခံစားချက်ကို ချရေးတာကျတော့ Feeling ကတော့ မတူတော့မတူဘူး။ အေသင်ဝါသနာပါတဲ့ အလုပ်ဆိုတော့ နှစ်ခုလုံးကို သဘောကျတယ်။

“အနီးဆုံးလူ” သီချင်းထဲကအတိုင်း အေသင်ကြုံရမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။
အဲဒါတော့ မပြောတတ်သေးဘူး။
အေသင် “အနီးဆုံးလူနမ်းမှာလား” Album ထဲမှာ ဘယ်သီချင်းကို အကြိုက်ဆုံး ဖြစ်မလဲ။
အေသင်က “စာ” ဆိုတဲ့သီချင်းကို အကြိုက်ဆုံးပါ။
ဘာဖြစ်လို့ “စာ” ဆိုတဲ့ သီချင်းကို အကြိုက်ဆုံးလဲ။
ဘာလို့လဲဆိုတော့ အဓိကက စာသားလေးကို ကြိုက်လို့ပါ။ မိန်းကလေးတစ်ယောက် အနေနဲ့ ဘာပဲဖြစ်ဖြစ် သူ့ကို အရမ်းချစ်ပြီး ခံစားနေခဲ့ရတယ်ပေါ့။ သူနဲ့ကွဲတဲ့အခါ အရမ်းခံစားခဲ့ရပေမယ့်လည်း သူပြန်လာတဲ့အခါ ဘာပဲဖြစ်ဖြစ် လက်မခံဘဲ ပြန်ငြင်းဖြစ်လိုက်တယ်ပေါ့။ စာသားလေးတွေက အရမ်းမိုက်တယ်။ အဲဒါကြောင့် ကြိုက်တာပါ။
အေသင့်ကို အရင်ကထက်ပိုပြီး လှလာတယ်။ ပိုပြီး နူးညံ့ပြီး မိန်းမဆန်လာတယ်လို့ ပြောကြတယ်။ အဲဒီအပေါ် အေသင့်ရဲ့ ခံစားချက်ကရော...
ဟဲ..ဟဲ။ နူးညံ့လာတယ်ဆိုတော့ ဘယ်လိုပြောရမလဲ။ အေသင် အနုပညာလောကထဲ ဝင်လာတာ အေသင် ၁၅ နှစ်တုန်းကပေါ့။ အခု ၁၉ နှစ်ဆိုတော့ ပိုပြီး ရင့်ကျက်လာတယ်လို့ ပြောလို့ရပါတယ်။ ကိုယ်ကျင်လည်နေတဲ့ ပတ်ဝန်းကျင်နဲ့ ထိတွေ့တာ များလာတော့ ကိုယ်က Celebrity  တစ်ယောက် ဖြစ်တဲ့အတွက် နူးနူးညံ့ညံ့နဲ့ အနုပညာရှင် တစ်ယောက်အဖြစ်နဲ့ ရှင်သန်ရမယ်ဆိုတာ ဖြစ်ကိုဖြစ်သင့်တယ်လေ။ ကိုယ့်ကိုယ်ကိုယ်လည်း ပြင်ဆင်တယ်။ ပရိသတ်တွေက အေသင့်ကို နည်းနည်းဝတယ်လို့ ပြောတော့ သူတို့လည်း လှတာပဲ မြင်ချင်မှာပဲဆိုပြီး အေသင့်ဘက်က အတတ်နိုင်ဆုံး လှလာအောင် အေသင်လုပ်ပါတယ်။ အဓိကက စိတ်ပါပဲ။ ငယ်ငယ်တုန်းက ကလေးဆိုတော့ ထင်ရာစိုင်းတယ်လေ။ အခုတော့ လူကြီးဖြစ်လာတော့ စဉ်းစား ဆင်ခြင်တတ်လာပါပြီ။
အေသင့်ရဲ့ Body Weight အရမ်းကျသွားတော့ ပရိသတ်တွေက မေးကြတယ်။ လေ့ကျင့်ခန်း လုပ်တာလား၊ အစားအသောက် လျှော့စားတာလားတဲ့။
လေ့ကျင့်ခန်း လုပ်တာတော့ မဟုတ်ဘူး။ အေသင်က လေ့ကျင့်ခန်း လုပ်ရမှာ အရမ်းပျင်းတယ်။ အစားအသောက် အေသင်လျှော့တယ်။ ဝိတ်ချတာ အခုမှမဟုတ်ပါဘူး။ ဗြုန်းစားကြီး ကျသွားတာတော့ မဟုတ်ဘူး။ ဝိတ်က တက်လိုက်ကျလိုက် ဖြစ်နေတာ။ သတိမထားမိကြလို့ပါ။ ဒီနောက်ပိုင်း အလုပ်တွေများ၊ နေမကောင်းကလည်း ဖြစ်သေးတော့ အေသင် ဝိတ်ကျသွားတာပါ။ လေ့ကျင့်ခန်းဆိုလို့ အေသင် အိမ်မှာ အားရင်ကတယ်၊ ခါးလေ့ကျင့်ခန်း လုပ်တယ်။ ဒီလောက်ပါပဲ။
အခုလို အေသင့် ခန္ဓာကိုယ်သွယ်လျသွားတာက အေသင့်ကို ဘယ်လို ယုံကြည်မှုမျိုး ဖြစ်စေသလဲ။
အရင်တုန်းကဆိုရင် ပွဲတစ်ခုသွားရင် အရမ်းစဉ်းစားရတယ်။ ဒီအင်္ကျီဝတ်လိုက်ရင် ဘယ်လိုမျိုး ဖြစ်သွားမလဲ။ လူတွေက ကိုယ့်ကို ဘယ်လိုပြောမလဲဆိုပြီး ဒွိဟဖြစ်တယ်။ အဲဒီအခါကျတော့ ဘယ်ပွဲပဲဖြစ်ဖြစ် အေသင်မသွားဘူး။ ဘယ်မှလည်း အေသင်မသွားဘူး။ လူတွေအများကြီးနဲ့ တွေ့ရမယ့်နေရာမျိုး ဆိုရင်ပေါ့။ အရင်တုန်းက ကလေးဆိုတော့ ကလေးဝိတ်ပဲ။ ဒါပေမဲ့ ရှက်တတ်တာပေါ့။ အရင်တုန်းက အားလုံးနဲ့ ယှဉ်လိုက်ရင် ကိုယ်က နည်းနည်း ပုံပျက်နေတာဆိုတော့ အဲဒါလည်း တစ်ခုပေါ့။ နောက်ပြီး ပရိသတ်တွေက အေသင့်ကို မြင်ပြီး စိတ်ချမ်းသာ စေချင်တယ်။ “ဟယ်ချစ်စရာလေး” ဆိုပြီးတော့။ အဲဒီလိုဖြစ်တာကိုပဲ လိုချင်တယ်။ တချို့ပရိသတ်တွေက ဝတယ်ဆိုပြီးတော့ ပြောကြတာပေါ့။ စိတ်ထဲမှာ မခံချင်စိတ်လေးဖြစ်ပြီး ကြိုးစား လုပ်ခဲ့တာပေါ့။ ခုလို ဖြစ်လာတဲ့အတွက် အေသင် ကြိုးစားရကျိုးနပ်ပါတယ်။ အေသင် ဒီခန္ဓာကိုယ်ကို ဆက်ပြီး ထိန်းထားမှာပါ။
နောက်ထပ်ရော ပရိသတ်ကို ဘာတွေ ပြောချင်သေးလဲ။
အေသင် သီချင်းခွေတွေ လုပ်နေပါတယ်။ “အနီးဆုံးလူနမ်းမှာလား” ဗွီစီဒီကို သုံးပုဒ်လောက်တော့ ရိုက်ပြီးသွားပြီ။ ဒါပေမဲ့ အေသင် မထုတ်ပေး နိုင်သေးတဲ့အတွက် စိတ်မကောင်းပါဘူး။ သီချင်းခွေအသစ်ကို ထုတ်စေချင်တဲ့ ပရိသတ်က ပိုများတဲ့အတွက် ဒီအခွေအသစ်ကို လုပ်လိုက်တာပါ။ ပြီးတော့မှ ဗွီစီဒီကို ပုံစံအသစ်တစ်မျိုးနဲ့ ချပြမယ်ပေါ့။ ဘယ်လိုလုပ်ရမလဲ ဆိုတာတော့ မသိသေးပါဘူး။ Album အသစ်ကို သီတင်းကျွတ်လပြည့်နေ့လောက် ထွက်ဖြစ်မှာပါ။
လက်ရှိ အေသင့်ရဲ့ အချစ်ရေးကရော..
အချစ်ရေးက ပြောရမယ်ဆိုရင် ဥပမာ-ချစ်သူတွေ စစဖြစ်ခါစ၊ ရည်းစားတွေ စစဖြစ်ခါစမှာ အရမ်းပျော်ဖို့ ကောင်းပါတယ်။ ဒါပေမဲ့ အချိန်တွေ ကြာလာတာနဲ့အမျှ တစ်ယောက်အကြောင်း တစ်ယောက် သိပြီးတော့ တဖြည်းဖြည်း ကြာလာတဲ့အခါကျတော့ ရန်တွေဖြစ်ကြတယ်။ စိတ်ရှုပ်ထွေးစရာတွေ ဖြစ်တယ်။ အဲဒီတော့ အေသင့်ရဲ့ အလုပ်မှာလည်း ထိခိုက်တယ်။ အဲဒါကြောင့် အေသင် အဲဒီအကြောင်းတွေ မတွေးဘဲ တတ်နိုင်သလောက် အလုပ်ကိုပဲလုပ်ဖြစ်တယ်။
ခုချိန်မှာ အေသင့်ရဲ့ အချစ်ဆုံးတွေက..
ခုချိန်မှာ အေသင့် အချစ်ဆုံးတွေက ပရိသတ်ရယ်၊ မိသားစုရယ်၊ အေသင့်ရဲ့ အနုပညာ မောင်နှမတွေပေါ့။
ကလောင် - Minnie
8 days news
Share this article :

1 comments:

3rdthameetaw said...

အော်..သူက အချစ်အကြောင်းစဉ်းစားရင်တဲ့..
ကိုသက်ကရော အလုပ်ကိုထိခိုက်တတ်တာပဲလား..ဟင်..
ဒီအင်တာဗျူးလေးကိုဖြေအုံးနော်..ဟိဟိ..

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map