Home »
သတင်း
» မွေးနေ့တွင် သူငယ်ချင်းများနှင့်အတူ အရက်သေစာသောက် စားပြီးရေဆင်းကူးရာမှ ရေနစ်သေဆုံး
မွေးနေ့တွင် သူငယ်ချင်းများနှင့်အတူ အရက်သေစာသောက် စားပြီးရေဆင်းကူးရာမှ ရေနစ်သေဆုံး
"မူးယစ်ပြီး ရေကူးသူ ရေနစ်သေဆုံး"
မရမ်းကုန်းမြို့နယ် မြကျွန်းသာပန်းခြံအနီးရှိ ကန်ဘောင်မှ ရေဆင်း ကူးရာအသက် ( ၃၂ )နှစ်အရွယ် အမျိုးသားတစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဗဟိုမီးသတ်ဦးစီးဌာန သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထိုရေနှစ်သေဆုံးမှုမှာ ညနေ ၅နာရီခွဲခန့်တွင် စတင်ဖြစ်ပွားခဲ့ပြီး ၆နာရီ ၄၀မိနစ်ခန့်တွင်အလောင်းဆယ်ယူရရှိခဲ့သည်။ဆယ်ယူရရှိသည့်အလောင်းအား ည ၇နာရီတွင် မြောက်ဥက္ကလာပဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ယင်းအခင်း ဖြစ်ရာနေရာသို့ မီးသတ်ယာဉ် ( ၂ )စီး၊အထောက်အကူပြုယာဉ် ( ၁ )စီးနှင့် အတူ အုပ်ချုပ်မှုယာဉ် ( ၁ )စီးသွားရောက်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက် မှသိရသည်။
သေဆုံးသူ အမျိုးသားမှာ ပဲခူးစုရပ်ကွက်၊သန်လျင်မြို့နယ်တွင်နေထိုင် သူဖြစ်ပြီး ၄င်းမွေးနေ့တွင် သူငယ်ချင်းများနှင့်အတူ အရက်သေစာသောက် စားပြီးရေဆင်းကူးရာမှ ရေနစ်သေဆုံးရခြင်းဖြစ်ကြောင်းသိရသည်။
သုတလင်း
popular myanmar news journal
1 comments:
ဖြစ်ရမယ်။
Post a Comment