စစ်ကိုင်းတိုင်းဒေသကြီးအဆင့် အစိုးရရုံးများတည်ရှိပြီး အနောက်မြောက်တိုင်း စစ်ဌာနချုပ် တည်ရှိရာ မုံရွာမြို့နှင့်အနီးတစ်ဝိုက်တွင် ဇူလိုင်လ ၁၆ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်အချိန်က မြေတုန်ခါသည် အထိ ကျယ်လောင်ခဲ့သည့် နှစ်ချက်ဆင့်ပေါက်ကွဲသံကြီးများ ကြားခဲ့ရကြောင်း မုံရွာမြို့ခံများနှင့် အနီးအနား ကျေးရွာများမှ ရွာခံများကပြောကြားသည်။
မုံရွာမြို့တွင် ယင်းကဲ့သို့မြေသိမ့်တုန်ပေါက်ကွဲသံများကို ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် တစ်ကြိမ်၊ ၂၀၁၂ ခုနှစ်ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင်တစ်ကြိမ် ကြားခဲ့ရပြီး ယခုပေါက်ကွဲသံမှာ တတိယအ ကြိမ်ကြားခဲ့ရခြင်းဖြစ်ကြောင်း မုံရွာမြို့ခံများက ပြောကြားသည်။
မုံရွာမြို့တွင် ယင်းကဲ့သို့မြေသိမ့်တုန်ပေါက်ကွဲသံများကို ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် တစ်ကြိမ်၊ ၂၀၁၂ ခုနှစ်ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင်တစ်ကြိမ် ကြားခဲ့ရပြီး ယခုပေါက်ကွဲသံမှာ တတိယအ ကြိမ်ကြားခဲ့ရခြင်းဖြစ်ကြောင်း မုံရွာမြို့ခံများက ပြောကြားသည်။
“ပထမံဆုံး ကြားရတုန်းကတော့ ဒီအသံဘယ်ကလာတာလဲ မေးမိတယ်။ ချင်းတွင်းမြစ်အ နောက်ဘက်ကမ်းမှာ ကြေးနီမိုင်းတွေရှိတော့ မိုင်းခွဲတာလား ဒါမှမဟုတ် ဘာဖြစ်တာလဲပေါ့။ နီးစပ်ရာတာဝန်ရှိ သူတွေကို မေးဖြစ်တယ်။ ဒါပေမဲ့ တိကျတဲ့အဖြေထွက်မလာဘူး။ လေယာဉ်ပျက်ကျတာတွေကော တစ်ယောက် တစ်မျိုးပြောနေကြတော့ ဒီတစ်ခါလည်း အဲလိုပဲဖြစ်မှာပဲဆိုပြီး မမေးမိတော့ဘူး။ ဖြစ်နိုင်ရင်တော့ ဒိအသံဘယ် ကလာတယ်ဆိုတာ တာဝန်ရှိတဲ့သူတွေအနေနဲ့ ပြည်သူတွေကို ထုတ်ဖော်ပြောကြားသင့်ပါတယ်”ဟု မုံရွာမြို့ခံ တစ်ဦးက ပြောကြားသည်။
ကြေးနီမိုင်းများအနီးမှ ရွာခံများကလည်း “ဟိုးအရင်ကမိုင်းခွဲမယ်ဆို ဘယ်အချိန်ခွဲမယ်ဆိုတာ အသိပေးပြီးကြေညာတယ်။ နောက်ပြီး မိုင်းခွဲပြီးရင် ဖုန်လုံးတွေအထက်ကို တက်လာတယ်။ မနေ့က အသံကြား ပြီးတော့ အပြင်ထွက်ကြည့်တော့ ဖုန်လုံးလည်းမတွေ့ရဘူး။ ထူးတော့ထူးဆန်းတယ်”ဟု မုံရွာကြေးစင်တောင် စီ မံကိန်းအနီးရှိ ၀က်မှေးရွာခံတစ်ဦးက ပြောကြားသည်။
The Voice Weekly Journal


0 comments:
Post a Comment