<div style='background-color: none transparent;'></div>

Home » » သေဆုံးပြီဟု ထင်မှတ်ထားသည့် ကလေးငယ် ထထိုင်ပြီး ရေတောင်းသောက်

သေဆုံးပြီဟု ထင်မှတ်ထားသည့် ကလေးငယ် ထထိုင်ပြီး ရေတောင်းသောက်


ဘရာဇီးနိုင်ငံမှ အသက် နှစ်နှစ်အရွယ်ကလေးငယ် Kelvin Santos သည် နမိုးနီးယား ရောဂါ ခံစားနေရပြီး ဝေဒနာမှ သက်သာခြင်းမရှိသဖြင့် ဘရာဇီးနိုင်ငံ ဘီလမ်မြို့ ဆေးရုံရှိဆရာဝန်များက လက်လျှော့ခဲ့ပြီးနောက် မကြာမီ သေဆုံးသွားခဲ့သည်။
 ဆေးရုံမှလည်း စစ်ဆေးမှုများပြုလုပ်ပြီးနောက် Kelvin လေးမှာ သေဆုံးခဲ့ရပြီဖြစ်ကြောင်း အတည်ပြုပေးခဲ့သည်။
           ထို့နောက် ထိုကလေး၏ အသုဘတွင် အလောင်းအားမြေမချမီ ၁ နာရီခန့်အလိုတွင် Kelvin လေးသည် သေရာမှ ထထိုင်ခဲ့ပြီး၎င်း၏ အဖေဖြစ်သူထံမှ ရေတောင်းသောက်ခဲ့ကြောင်းသိရသည်။

ယင်းကဲ့သို့ ထူးခြားလှသည့် ဖြစ်ရပ်ကြောင့် မိသားစုဝင်များအားလုံးက အံ့သြဝမ်းသာဖြစ်ခဲ့ရပြီး Kelvin အနေဖြင့် သေကံမရောက်ပဲ သေရွာမှပြန်လာခဲ့သည်ဟု ယူဆခဲ့ကြသည်။ သို့သော်လည်း ဝမ်းသာမှုများပင် မဆုံးလိုက်ရပဲ Kelvin လေးသည် ရေတောင်းသောက်ပြီး စက္ကန့်ပိုင်းအနည်းငယ်အကြာတွင် အခေါင်းထဲသို့ ပြန်လဲကျသွားပြီးအသက်ပြန်ရှင်လာခြင်းမရှိတော့ပေ။ ထို့နောက်တွင် Kelvin လေးအား ဆေးရုံသို့ ပြန်လည်ခေါ်ဆောင်သွားပြီး ဆရာဝန်များက ပြန်လည်စစ်ဆေးခဲ့ပြီးနောက် သေဆုံးခဲ့ပြီဟု ဒုတိယအကြိမ်မြောက် အတည်ပြု ပြောကြားခဲ့သည်။



ယင်းဖြစ်ရပ်နှင့်စပ်လျဉ်းပြီး Kelvin ၏ အဖေဖြစ်သူက  "သေပြီးတဲ့လူတစ်ယောက်က ထထိုင်ပြီးစကားပြောတယ်ဆိုတာ မဖြစ်နိုင်ဘူးလေ....ဖြစ်ရပ်မှန်ကို ဖော်ထုတ်ဖို့ ကျွန်တော်တို့ ဆန္ဒပြင်းပြနေပါတယ်။" ဟုဆိုခဲ့သည်။
အလားတူဖြစ်ရပ်တစ်ခုလည်း အာဂျင်တီးနားနိုင်ငံတွင် ယခုနှစ်အစောပိုင်းကဖြစ်ပွားခဲ့သည်။ သို့သော်လည်း ထိုစဉ်ကမူ မိသားစုအနေဖြင့်ကောင်းမွန်သောအဆုံးသတ်ဖြင့် ကြုံတွေ့ခဲ့ရသည်။
Analia Bouter ဟု အမည်ရသည့် မိခင်တစ်ယောက်ဖြစ်သူသည် ၄င်း၏ ရင်သွေးဖြစ်သူအားလမစေ့မှီ ၃ လ
ကြိုတင်မွေးဖွားခဲ့သည်။ ဆေးရုံမှ ဆရာဝန်များက သူမ၏ ရင်သွေးလေးသည် အသေမွေးဖွားခဲ့ကြောင်းပြောကြားခဲ့ပြီး သေစာရင်းရေးသားပေးခဲ့သည်။ ထို့နောက် မွေးကင်းစကလေးအား အခေါင်းထဲထည့်ကာ ရေခဲတိုက်သို့ ပို့ဆောင်ခဲ့လေသည်။
ထို့နောက် ၁၂ နာရီခန့်အကြာတွင်မိသားစုဝင်များက နောက်ဆုံးအနေဖြင့်နှုတ်ဆက်ရန်ရေခဲတိုက်သို့
ရောက်လာပြီး အခေါင်းအားဖွင့်လိုက်ရာ လှုပ်ရှားနေသည့်ကလေးအားတွေ့ခဲ့ရသည်။ မိခင်ဖြစ်သူက "ကျွန်မ အခေါင်းကိုဖွင့်ပြီး သူ့ရဲ့လက်ချောင်းလေးတွေကို ကိုင်ကြည့်ခဲ့ပါတယ်။ သေးသေးလေးတွေပါရှင်....သူ့လက်ကလေးတွေကိုကိုင်ပြီး ခေါင်းကိုဖုံးထားတဲ့
အ၀တ်ကိုဖယ်လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ ငိုသံလေးကို ကြားလိုက်ရပါတယ်။ ကျွန်မကတော့ စိတ်ထဲမှာ ဂယောင်ချောက်ခြားဖြစ်ပြီး ကြားနေတယ်လို့ စိတ်ထဲမှာမှတ်နေခဲ့တာပါ။နောက်ဆုတ်ပြီး သေသေချာချာ
ကြည့်တော့မှ ကျွန်မသမီးလေး နိုးလာတာကို ကို တွေ့ခဲ့ရပါတယ်။ ' မေမေရေ ...သမီးလေးဆီ ရောက်လာခဲ့ပြီနော်' လို့ပြောနေတဲ့အတိုင်းပါပဲ။" ဟု AP သတင်းဌါနသို့ ၀မ်းနည်းဝမ်းသာ
ပြောပြသွားခဲ့သည်။
၎င်းတို့အနေဖြင့် ထိုဆေးရုံအား ဥပဒေကြောင်းအရ တရားစွဲဆိုသွားမည်ဟု ပြောကြားခဲ့သည်။
ref : thesun.co.uk
Share this article :

2 comments:

အလွမ်းမြို့ said...

အော်...ဖြစ်ရလေ... ဖတ်တွားတယ်ကွယ်။

ချစ်စံအိမ် said...

ကြားတော့ကြားဖူးတယ်..မြန်မာပြည်မှာလည်းရှိတယ်..

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map