စစ်တွေမြို့တွင် နိုင်ငံတော် အလံများ လွှင့်ထူကာ နိုင်ငံတော် သမ္မတ၏ ရိုဟင်ဂျာ များနှင့် ပတ်သက် ၍ ပြောကြားချက်ကို ထောက်ခံ မှုပြုလုပ်နေခြင်းမှာ သဲတစ်ပွင့် လက်ကမ်း စာစောင်ကြောင့် မဟုတ်ဘဲ ကိုယ်ပိုင် အသိစိတ်ဖြင့် ပြုလုပ်နေခြင်းဖြစ်ကြောင်း မြို့ခံ တို့ကပြောသည်။
ရခိုင်ပြည်နယ်၏ မြို့တော် စစ် တွေမြို့တွင် ဇူလိုင် ၂၂ ရက်နေ့က စတင်၍ နေအိမ်အချို့၊ ဈေးဆိုင် အချို့နှင့်ကားများ၊ ဆိုင်ကယ်များ၊ ဆိုက်ကားများတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အလံများ လွှင့်ထူခဲ့ကြသည်။ ''ကျွန်တော်က အစိုးရရဲ့ သဘောထား ကြေညာချက်ကို ထောက်ခံ လို့ နိုင်ငံတော်အလံကို ထောင်တာပါ။ ဒီလက်ကမ်းစာ စောင်ကို မဖတ်ရသေးပါဘူး။
အစိုးရ ကိုထောက်ခံတယ်ဆိုတာက လတ် တလော သူတို့ပြောတာ မှန်ကန်မှု ရှိတယ်''ဟု နေအိမ်တွင် အလံလွှင့် ထူထားသူ စစ်တွေမြို့မှ ပဋိပက္ခ အရေးဒေသခံ ဒုက္ခသည်များအတွက် ကူညီ လုပ်ဆောင်ပေးနေသော ဦးအောင်ကျော်ဇံက ပြောသည်။ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက် နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိ လာသော ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီး ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့နှင့် သမ္မ တ ဦးသိန်းစိန်တို့သည် နိုင်ငံအတွင်း တရားမဝင် ရောက်ရှိလာသော ရို ဟင်ဂျာများနှင့် ပတ်သက်၍ ဆွေး နွေးခဲ့ကြပြီး ယင်းဆွေးနွေးမှုတွင် တိုင်းရင်းသား မဟုတ်ဘဲ ခိုးဝင်လာ သည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း၊ ဖြေရှင်း ရမည့် နည်းလမ်းမှာခိုးဝင်လာသည့် ရိုဟင်ဂျာများကို ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာမဟာမင်းကြီးရုံးသို့ အပ်နှံပြီးဒုက္ခသည်စခန်းအဖြစ်ထား ရှိရန်ဖြစ်ကြောင်း၊ ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာမဟာမင်းကြီးရုံးမှ ကျွေးမွေးစောင့်ရှောက်ပေးရန်နှင့် တတိယနိုင်ငံတစ်ခုက လက်ခံမည် ဆိုလျှင်ပို့ပေးမည်ဖြစ်ကြောင်း၊ ဤ သည်မှာ ပြဿနာ ဖြေရှင်းနည်းကို စဉ်းစားနေခြင်းဖြစ်ကြောင်း တွေ့ဆုံမှု အပြီးသမ္မတဦးသိန်းစိန်၏ ပြောကြား ချက်ကိုကိုးကား၍နိုင်ငံတော်သမ္မတ ရုံးအင်တာနက်စာမျက်နှာ၌ ထိုစဉ်က ဖော်ပြခဲ့သည်။
ထိုသို့ နိုင်ငံတော်သမ္မတ ဦး သိန်းစိန်၏ ပြောကြားမှုအပြီး ၁၁ ရက်အကြာတွင် စစ်တွေ၌ နေအိမ် များ၊ ကားများ၊ ဆိုင်ကယ်များနှင့် ဆိုက်ကားများတွင် အထက်ပါကဲ့ သို့နိုင်ငံတော်အလံများလွှင့်ထူခဲ့သည်။ ထို့အပြင်အဆိုပါလက်ကမ်းစာစောင် ၌ သမ္မတကြီးအား ရခိုင်လူမျိုးများမှ ကျေးဇူးအထူးတင်ဂုဏ်ပြုကြောင်း၊ သမ္မတကြီး ၏ ပြောစကားကို ရခိုင် လူမျိုးများမှထောက်ခံကြောင်း၊ ဘင်္ဂါ လီရိုဟင်ဂျာအရေးကိစ္စတွင် သမ္မတ ကြီးနောက်မှရခိုင်လူမျိုးများရှိကြောင်း၊ သမ္မတကြီး၏ စကားကို ကန့်ကွက်၊ ဆန့်ကျင်၊ မထောက်ခံသောအဖွဲ့ အစည်းများအား ရခိုင်လူမျိုးများက ပြန်လည်ကန့်ကွက်၊ ဆန့်ကျင်၊ မ ထောက်ခံကြောင်း၊ သမ္မတကြီး၏ စကားကိုလက်တွေ့အကောင်အ ထည်ဖော်ဆောင်ရွက်မည့်တပ်မတော်၊ ရဲ၊ နစက၊ လဝကနှင့် အခြားသော ဝန်ထမ်းများကို ရခိုင်ပြည်သူတစ် ရပ်လုံးက မှန်ကန်စွာ လက်တွဲ ပူး ပေါင်းသွားမည် ဖြစ်ကြောင်း အဆိုပါ လက်ကမ်းစာစောင်၌ ပါရှိသည်ဟု သဲတစ်ပွင့် လက်ကမ်းစာစောင် ဖတ် ရှုရသူတစ်ဦး က ပြောသည်။
''အဲဒီ သဲတစ်ပွင့် အဖွဲ့အစည်း ဆိုတာတော့ မသိဘူး။ ၇ ရက်လို့ လည်းပြောတယ်။ ၉ ရက် ၁ဝ ရက် ကြာမယ် ဆိုပြီးလည်းပြောကြတယ်'' ဟု စစ်တွေမြို့မှ လူငယ်တစ်ဦးက ပြောသည်။ ရခိုင်ပြည်နယ်သို့ တစ် ဖက်နိုင်ငံ မှ ခိုးဝင်လာသော ဘင်္ဂါလီ ရိုဟင်ဂျာများအား ဒုက္ခသည် အဖြစ် လက်မခံနိုင်ကြောင်း ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ Mr. Antonio Guterresက ဇူလိုင်လ ၁၂ ရက်နေ့က ပြော ကြားခဲ့သည်။
popular news journal


0 comments:
Post a Comment