အိန္ဒြာကျော်ဇင်က ခင်ပွန်းဖြစ်သူ ပြေတီဦးနဲ့ ၄ ညအိပ် ၅ ရက် ခရီးအနေနဲ့သွားခဲ့ရတဲ့ ခရီးစဉ်က စင်ကာပူမှာရှိတဲ့ သူငယ်ချင်း တွေနဲ့အတူတူ လျှောက်သွား ကြတာဖြစ်တဲ့ အတွက် ပျော်ဖို့ ကောင်းကြောင်း ပြောပါတယ်။ အရင်က ဈေးဝယ်ထွက်ရင် ကိုယ့်အတွက်၊ အိမ်မှာရှိတဲ့ အိမ်သားတွေအတွက် ဝယ်ရတာများပြီး အခုခရီးစဉ်မှာတော့ သမီးလေးအတွက် ကလေးပစ္စည်းလေးတွေ လိုက်ဝယ်ခဲ့တဲ့ အကြောင်းကို အိန္ဒြာကျော်ဇင်က “သမီးလေးအတွက် ကလေးပစ္စည်း တွေကို လိုက်ဝယ်ရတာ ပျော်ဖို့ကောင်း တယ်။
အရင် ကတည်းက ကလေးအင်္ကျီတွေ၊ ကလေးပစ္စည်းတွေ ကို တွေ့ရင် တအားချစ်တယ်။ ဒါပေမဲ့ ဝယ်လို့မရသေး ဘူးလေ။ အခုကျတော့ ဝယ်လို့ရသွားတော့ ဝယ်ရ တာပိုပျော်တာပေါ့”လို့ ပြောပါတယ်။ စင်ကာပူမှာရှိတဲ့ ယူနီဗာဆယ်စတူဒီယိုမှာ ‘Transporter’ ဇာတ်ကား ထဲက ပုံစံ အတိုင်းစီးခဲ့ရတာက တအား သည်းထိတ် ရင်ဖို ဖြစ်ခဲ့ရပြီး သူတို့နိုင်ငံမှာလည်း ဖွင့်ထားတာ မကြာသေးတဲ့ အတွက် ကြိတ်ကြိတ်တိုး စီးကြကြောင်း၊ တန်းစီရတာလည်း အရှည်ကြီး တန်းစီကြရပြီး စီးရတဲ့အခါ မှာတော့ တန်းစီရတဲ့စိတ်ညစ်စရာတွေမေ့ပစ်ခဲ့ရကြောင်း၊ ခရီးစဉ် အမှတ်တရအနေနဲ့ ပြောပြခဲ့ပါတယ်။ သမီးလေးကိုတော့ သူသိတတ်တဲ့အရွယ် ၂ နှစ် ကျော်လောက် ကျမှပဲ နိုင်ငံခြား ခရီးတွေကို ခေါ်သွားမှာဖြစ်တယ်လို့ ပြောပါ တယ်။ လတ်တလောမှာ ဒါရိုက်တာကိုပေါက် ရိုက်ကူးပြီး မြင့်မြတ်၊ အိန္ဒြာကျော်ဇင်တို့ သရုပ် ဆောင်ထားတဲ့ “ချစ်တယ်ဆိုတဲ့စကား” ဇာတ်ကားလေး ထွက်လာပါတယ်။ ဒီဇာတ်ကား လေးက အရင်က စိုင်းစိုင်းခမ်းလှိုင်နဲ့ အိန္ဒြာကျော်ဇင်တို့ရိုက်ထားတဲ့ “သစ္စာစောင့်နတ်သမီး” နဲ့ဇာတ်လမ်းချင်း ဆင်တူကြောင်းပြောပါတယ်။ ကိုယ်ဝန် ရှိတဲ့အချိန်တုန်းက ရိုက်ခဲ့တဲ့ ဇာတ်ကား အကုန်နီးပါး ထွက်သွားပြီ ထင်ပေမယ့် ဒီဇာတ်ကားကလည်း ကိုယ် ဝန်ရှိနေတုန်းက ရိုက်ထားခဲ့တဲ့ ဇာတ်ကားတစ်ကား ဖြစ်ကြောင်း ပြောပါတယ်။ အကယ်ဒမီ ၂ နှစ်ပေါင်း ပေးမယ်ဆိုတဲ့သတင်းအပေါ် အိန္ဒြာကျော်ဇင်က “အစ်မက တော့ ကြိုက်တယ်။ နို့မို့ဆို ၁ နှစ်နောက် ကျနေတယ်လေ။ ရွေးစရာများ သွားပြီးအဲဒီအထဲကမှ အကယ် ဒမီရွေးရမှာဖြစ်တဲ့အတွက် ပိုကောင်းမယ် ထင်ပါတယ်”လို့ပြောပါတယ်။ခိုင်ဝေလွင်
popularmyanmar


0 comments:
Post a Comment