<div style='background-color: none transparent;'></div>

Home » » အဘွားဖြစ်သူက ရှစ်လအရွယ် မြေးမလေး၏ လက်များကို ခုတ်ဖြတ်ပစ်ခဲ့သော်လည်း ဆရာဝန်များက ပြန်ဆက်ပေးနိုင်ခဲ့

အဘွားဖြစ်သူက ရှစ်လအရွယ် မြေးမလေး၏ လက်များကို ခုတ်ဖြတ်ပစ်ခဲ့သော်လည်း ဆရာဝန်များက ပြန်ဆက်ပေးနိုင်ခဲ့


တရုတ်နိုင်ငံ ရှန်ဒေါင်းပြည်နယ်တွင် မိဘနှစ်ဦး အလုပ်သွားနေခိုက် ရှစ်လအရွယ် သမီးငယ်ကို အဘွားဖြစ်သူနှင့် ထားခဲ့ရာ အဘွားဖြစ်သူက လက်နှစ်ဖက်စလုံး ကို ခုတ်ဖြတ်ပစ်ခဲ့သည်ဟု DMသတင်း ဌာနကဇွန်လ ၂၆ရက်နေ့တွင် ဖော်ပြသည်။ အဆိုပါ အဘွားဖြစ်သူမှာလည်း ကလေးငယ်၏ လက်များကို ခုတ်ဖြတ်ပြီးနောက် မိမိကိုယ်မိမိ သေကြောင်းကြံခဲ့ရာ ယခုတိုင် သတိမေ့မြောနေဆဲ ဖြစ်သောကြောင့် ကလေး၏လက်များကို ခုတ်ပစ်ရ သည့်အကြောင်းရင်းကို သိရှိရခြင်း မရှိ သေးဟုဆိုသည်။
ကလေးငယ်၏ မိခင်သည် အိမ်သို့ပြန်ရောက်လာသည့်အခါ ကလေးငယ်အားချီလျက် ဆေးရုံသို့၁၀မိနစ်အတွင်း အရောက်ပြေးခဲ့သည်။ ဆေးရုံသို့ ရောက်ရှိသည့်အခါ ခင်ပွန်းထံ အဘွားဖြစ်သူက ရှစ်လအရွယ် မြေးမလေး၏ လက်များကို ခုတ်ဖြတ်ပစ်ခဲ့သော်လည်း ဆရာဝန်များက ပြန်ဆက်ပေးနိုင်ခဲ့ ဖုန်းဆက်လျက်  ကလေးငယ်၏ လက်နှစ်ဖက်ကို အိမ်သို့ပြန်ယူခိုင်းခဲ့သည်။ ဆရာဝန်များက ၁၂နာရီကြာသည့် ခွဲစိတ်ကုသမှု ပြုလုပ်ကာ ကလေးငယ်၏ လက်နှစ်ဖက်ကို အောင်မြင်စွာ ပြန်ဆက်ပေးနိုင်ခဲ့သည်။ ကလေးငယ်အား နောက်ထပ်ကုသမှုများပေးရန် လိုအပ်သေးသော်လည်း ကလေးငယ်၏ လက်များသည် အပြည့်အ၀ အလုပ်ပြန်လုပ်နိုင်လိမ့်မည် ဟုဆိုသည်။ 
ပြည်မြန်မာဂျာနယ်
Share this article :

3 comments:

3rdthameetaw said...

မြတ်စွာဘုရား..ကြောက်စရာကြီးပါလားနော်

လွင်ပြင်လှိုင်းငယ် said...

ရက်စက်လိုက်တာ...ပြန်ဆက်လို့ရလို့တော်ပါသေးရဲ့

ချစ်စံအိမ် said...

ဘာကြောင့်ပါလိမ့်နော် ဟူးးးးးးး

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map