Home »
သတင်း
» မန္တလေးမြို့ရှိ ဗုဒ္ဓဘာသာမိဘမဲ့ကလေးများကျောင်းသို့ ယနေ့(ဇူလိုင်၅ရက်) ညနေတွင် ရောက်ရှိလာသော ဂျက်ကီချန်း (သတင်း။ဓာတ်ပုံ)
မန္တလေးမြို့ရှိ ဗုဒ္ဓဘာသာမိဘမဲ့ကလေးများကျောင်းသို့ ယနေ့(ဇူလိုင်၅ရက်) ညနေတွင် ရောက်ရှိလာသော ဂျက်ကီချန်း (သတင်း။ဓာတ်ပုံ)
မန္တလေးမြို့သို့ယနေ့(ဇူလိုင်၅ရက်) ညနေပိုင်းတွင် ရောက်ရှိလာသော ကမ္ဘာကျော်အက်ရှင်မင်းသား ဂျက်ကီချန်းသည် မူလစီစဉ်ထားသော နေရာများသို့သွားရန် ပရိသတ် များပြားလွန်းသဖြင့် သွားရောက်ရန် အခက်တွေ့နေကြောင်း သတင်းရရှိသည်။
ယင်းကို ကြည့်ရှု့လိုသော ဒေသခံပရိသတ်များမှာ သွားသည့်နေ ရာတိုင်းတွင် အထူးများပြားနေသည့်အတွက် ယနေ့ညနေပိုင်းတွင်သွားရောက်ရန်စီစဉ် ထားသော မန္တလေးတောင်သို့တက်ရန်နှင့်မြို့ဝန်းကျင်ရှု့ခင်းများ လှည့်လည်ကြည့်ရှု့ရန်အခက်တွေ့နေကြောင်း သတင်းရရှိသည်။ ဂျက်ကီချန်းသည် မန္တလေးမြို့ မှ ရန်ကုန်မြို့သို့ ဇူလိုင် ၇ရက်တွင် ကိုယ်ပိုင်လေယာဉ်ဖြင့်လာရောက်မည်ဖြစ်သည်။
7days journal
1 comments:
လူချစ်လူခင်ပေါပြီး စိတ်ရင်းကောင်းတဲ့မင်းသားဖြစ်လို့ပါနော်
Post a Comment