<div style='background-color: none transparent;'></div>

Home » » သင်ဇာဝင့်ကျော် ရဲ့ လတ်တလော အခြေအနေ

သင်ဇာဝင့်ကျော် ရဲ့ လတ်တလော အခြေအနေ


ပြင်ဦးလွင်မှာ ဇာတ်ကားသွားရောက် ရိုက်ကူးနေတဲ့ သင်ဇာဝင့်ကျော်က ဇာတ်ကားရိုက်ကူးနေရင်း အစာအိမ် အောင့် လာတာကြောင့် ဆရာဝန် နဲ့ ပြသပြီးဇာတ်ကား ရိုက်ကူးတာ ကိုတော့ မဖျက်ဖြစ်ဘဲ ခဏတော့ နား လိုက်ရတယ်လို့သိရပါတယ်။ အရင်တုန်းက ဖြစ်ခဲ့ဖူးတဲ့ အစာ အိမ်ကအခုပြန်ပြီး နာလာတာ ဖြစ်ကြောင်း သင်ဇာ ဝင့်ကျော်က ဆိုပါတယ်။ 
အဲဒါနဲ့ ဆရာဝန်ပြပြီး ဆေး ၂ လုံးထိုး၊ ခဏနားပြီး သက်သာတော့ ဆက်ရိုက်ဖြစ်တယ်။ ဆရာဝန်က ပြန်အောင့်ရင်တော့ ချက်ချင်းပြခိုင်း တယ်။ အူအတက်တစ်ခုခုဖြစ်မှာစိုး လို့တဲ့၊ အခုတော့ သိပ်မနာတော့ဘူး။ သင်ဇာက စားချင်စားတယ်၊ မစားချင် မစားဘူးဆိုတော့ ဖြစ်တာ။ အမေက ရှုတင်ကိုမပါ လာဘူးလေ။ ကြီးကြီးပဲပါတာ။ သင်ဇာ့ကို ချစ်တော့ အလိုလိုက်တာ ဘာမှ မပြောဘူး။ စားချိန်မမှန်တော့ ပြန်ဖြစ်တာ” လို့ပြော ပြပါတယ်။ သင်ဇာကတော့ ဝိညာဉ်ဆန်တဲ့ဇာတ် ကားရိုက် ကူးဖို့လည်းရှိပြီး မလုပ်ဖြစ်တဲ့ ဇာတ်ရုပ်အသစ်ကို လုပ်ရတဲ့အတွက်ပိုပြီး ကြိုးစားရသလို အတွေ့အကြုံသစ်လည်းရ တယ်လို့ပြောပါတယ်။ ပရိသတ်တွေလည်း စိတ်ဝင် စားမယ်လို့ထင်ပြီး ဇာတ်ကားလည်း ကောင်းတဲ့အတွက် ထူးခြားမယ်လို့လည်း ပြောပြခဲ့ပါတယ်။
မေမွန်မောင်
 popularmyanmar.com
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map