မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်မည့် 7-Eleven စတိုးဆိုင်ကြီးများအတွက် ဇေကမ္ဘာကုမ္ပဏီ ကို ကမ်းလှမ်းလိုက်ပြီးသည့်နောက် ဖွင့်လှစ်ရန် ၈၀ ရာခိုင်နှုန်းသေချာပြီဖြစ်ကြောင်း အဆိုပါကုမ္ပဏီ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
ယင်း 7-Eleven စတိုးဆိုင်များကို မြန်မာတစ်နိုင်ငံလုံးရှိ မြို့ကြီးများတွင် ဖွင့်လှစ်ရန် 7-Eleven စတိုးဆိုင်များ ဖွင့်လှစ်သောကုမ္ပဏီ အခြေစိုက်ရာ အမေရိကန်မှ ဇေကမ္ဘာကုမ္ပဏီသို့ ကမ်းလှမ်းပြီးသည့်နောက် နှစ်ဦးနှစ်ဖက်တွေ့ဆုံ ဆွေးနွေးမှုများကို ဘန်ကောက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
7-Eleven စတိုးဆိုင်ကြီးများကို ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်တွင် ဖွင့်လှစ်ထားကြောင်း၊ ယင်း ကို တည်ထောင်သူမှာ ဂျပန်ကုမ္ပဏီဖြစ်ကြောင်း၊ အမေရိကန်တွင် အခြေစိုက်ရုံးရှိကြောင်း သိရသည်။
7-Eleven စတိုးဆိုင်များဖွင့်လှစ်ရန် နေရာများကို ရှာကာ တစ်မြို့နယ်လျှင် အနည်းဆုံး နှစ် ဆိုင်နှုန်းဖြင့် ဖွင့်လှစ်နိုင်ရန်စီစဉ်နေကြောင်း၊ မြန်မာတစ်နိုင်ငံလုံးရှိ မြို့ကြီးများတွင်လည်း ယင်းသို့ဆောင်ရွက် မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီ၏ တာဝန်ရှိသူက ပြည်မြန်မာဂျာနယ်အား ၂၆-၆-၂၀၁၂ ရက်က ပြောကြားခဲ့ သည်။ 7-Eleven စတိုးဆိုင်များကို ၁၉၇၂ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး လူသုံးကုန်၊ စားသောက်ကုန်များကို အဓိကထားကာ ရောင်းချခြင်းဖြစ်ကြောင်း၊ ယခုအခါ ကမ္ဘာတစ်ဝန်းလုံးတွင် ဆိုင်ပေါင်း လေးသောင်းကျော်ရှိပြီ ဖြစ်ကြောင်း ၊စင်ကာပူနိုင်ငံရှိ 7-Eleven ဆိုင်များတွင် မြန်မာလုပ်သားများ အများစုရှိကြောင်း သိရှိရသည်။
Source: The article first appeared on ပြည်မြန်မာသတင်းဂျာနယ် - အမှတ် ၈၂၆


1 comments:
အာ.. ပွတာပဲ.. မီးမီးသဘောကျပေါ့.. ဖြစ်စေချင်တာ.. ကြာနေပြီ
Post a Comment