<div style='background-color: none transparent;'></div>

Home » » (MRTV4-)မန္တလေး ဘူတာကြီးပေါ်၌ ဟိုတယ်နှင့် ရှောပင်း စင်တာများ ဖွင့်လှစ်ရန် ဖိတ်ခေါ်

(MRTV4-)မန္တလေး ဘူတာကြီးပေါ်၌ ဟိုတယ်နှင့် ရှောပင်း စင်တာများ ဖွင့်လှစ်ရန် ဖိတ်ခေါ်

 
 From : MRTV-4 မြန်မာ့ မီးရထား၊ မန္တလေး ဘူတာကြီးမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ မြန်မာ့ မီးရထား၊ မန္တလေး ဘူတာကြီး၊ အပေါ်ထပ်များကို ငှားရမ်းပြီး ဟိုတယ်နဲ့
အဆင့်မြင့် ရှောပင်း စင်တာတွေ ဖွင့်လှစ် နိုင်ဖို့ အတွက် ပြည်တွင်း လုပ်ငန်းရှင် တွေကို ဖိတ်ခေါ် ထားတယ်လို့ သိရပါတယ်။ အဆိုပါ ဖိတ်ခေါ်မှုဟာ မန္တလေး ဘူတာကြီး စတုတ္ထထပ်မှ ပဉ္စမထပ်၊ ဆဋ္ဌမထပ်နဲ့ ခေါင်မိုး ထပ်တို့ကို အသုံးပြုပြီး အဆင့်မြင့် ဟိုတယ်နဲ့ ရှောပင်း စင်တာတွေ ဖွင့်လှစ်ဖို့ ဖိတ်ခေါ် ထားတာ ဖြစ်ပါတယ်။


အဲ့ဒီလို ဖိတ်ခေါ်ရာမှာ လုပ်ငန်းရှင် တွေကို နှစ်ရှည်ချ ထားပေးမှု အနေနဲ့ ပထမဆုံး ၁၅ နှစ်နဲ့ နောက်ပိုင်းမှာ ၅ နှစ်စီ ၂ ကြိမ် လုပ်ကိုင်ဖို့ ခွင့်ပြုပေး သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ အထပ်တွေမှာ လုပ်ငန်း ဆောင်ရွက်မှု ကိုတော့ လျှောက်ထားသူရဲ့ လျှောက်လွှာ အပေါ် မူတည်ကာ ဟိုတယ် ဒါမှမဟုတ် ရှော့ပင်း စင်တာများ ဖွင့်ခွင့်ပြု ပေးမှာ ဖြစ်ပါတယ်။ အခုလို တင်ဒါ ခေါ်ယူမှု အတွက် တင်ဒါ လျှောက်လွှာတွေရဲ့ စည်းကမ်းချက်များ၊ လုပ်ထုံး လုပ်နည်းများ စတာ တွေကို ဇွန်လ ၁၅ ရက်နေ့မှ စတင်ကာ မန္တလေး ဘူတာကြီး၊ တိုင်းအမှတ် ၃ ၊ စီးပွားရေး မန်နေဂျာ ထံမှာ ၀ယ်ယူ နိုင်တယ်လို့ သိရပါတယ်။

ဒီလို ၀ယ်ယူထားတဲ့ တင်ဒါတွေ ကိုတော့ ဇူလိုင်လ ၁၅ ရက်နေ့ နောက်ဆုံး ထားကာ နေပြည်တော် ဘူတာကြီး အထွေထွေ မန်နေဂျာ အင်ဂျင်နီယာ-စီမံ ကို ပေးပို့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ တင်ဒါ ကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက် တွေကို သိရှိ လိုရင်တော့ တင်ဒါ ရွေးချယ်ရေး ကော်မတီ ဖုန်းနံပါတ် ၀၆၇-၇၇၀၄၈၊ ၀၆၇-၇၇၀၈၃ သို့ ဆက်သွယ်နိုင် တယ်လို့ သတင်း ရရှိပါတယ်။

Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map