<div style='background-color: none transparent;'></div>

Home » » ရန်ကုန်မြို့က ကုက္ကိုင်းဗလီ ဖျက်ဆီးခံရ (နှင့် နောက်ဆက်တွဲသတင်း)

ရန်ကုန်မြို့က ကုက္ကိုင်းဗလီ ဖျက်ဆီးခံရ (နှင့် နောက်ဆက်တွဲသတင်း)



ဓာတ်ပုံ - http://www.facebook.com/luminthaungtun

ရန်ကုန်မြို့က သက်တမ်းရင့် ကုက္ကိုင်းဗလီကို ဒီမနက် ၂ နာရီခွဲလောက်မှာ လူတချို့က သွားပြီး ဖျက်ဆီးကြတယ်လို့ မြန်မာပို့စ်သတင်းဂျာနယ် အွန်လိုင်း http://www.themyanmarpost.com/?p=12076 မှာ ရေးထားပါတယ်။

“အယောက် ၂၀ နီးပါလောက်ရှိတယ်လို့ပြောတယ်။ ကျွန်တော်တို့က ၃ နာရီလောက်မှ သိတာ။ အဲဒီ ဗလီနားမှာက လုံခြုံရေးတွေလည်းရှိတယ်။ အဲဒီကြားထဲက ဖျက်ဆီးခံရတာ” လို့ ဗလီမှာ ရှိတဲ့ အစ္စလမ်ဘာသာရေး ဆရာတစ်ဦးက ပြောပါတယ် တဲ့။



ဗလီ ဆိုင်းဘုတ် နဲ့ မှန်တွေ ကွဲသွားတယ်၊ အနားမှာရှိတဲ့ ရှေးဟောင်းပစ္စည်းဆိုင်တခုလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ကမ္ဘာအေးဘုရားလမ်း၊ ကုက္ကိုင်းမှတ်တိုင်နားက ဒီဗလီဟာ သက်တမ်းအားဖြင့် နှစ်တရာနီးပါး ရှိကြောင်း၊ ၀တ်ပြုချိန်တွေမှတပါး ညဘက် လူမရှိတဲ့ ဗလီဖြစ်တယ်လို့ ဆိုပါတယ်။

ည ၇း၁၅ ထပ်မံဖြည့်စွက်ချက်


ကုက္ကိုင်းဗလီ မပျက်စီးပါ တဲ့။

"ကုက္ကိုင်းဗလီအား အမည်မသိ အမျိုးသား ၈ ဦးခန့် ရောက်ရှိလာပြီး အုတ်ခဲ ကျိုးရေ အလုံး ၄၀ ခန့် ဗလီအတွင်းသို့ ပစ်ပေါက်ခဲ့သည်။

ထိုသို့ အဝေးမှ ပစ်ပေါက်မှုကြောင့် ဆိုင်းဘုတ်များ၊ မှန်အချို့ ပျက်စီး သွားခဲ့ကြောင်း" သိရပါတယ်။

အသေးစိပ်ကို http://blog.irrawaddy.org/2012/06/blog-post_265.html မှာ ဖတ်ရှုနိုင်ပါတယ်။

Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map