<div style='background-color: none transparent;'></div>

Home » » မြေနီကုန်းဈေးလမ်းတွင်အမျိုးသမီးတစ်ဦးနေအိမ်တိုက်ပေါ်မှခုန်ချ

မြေနီကုန်းဈေးလမ်းတွင်အမျိုးသမီးတစ်ဦးနေအိမ်တိုက်ပေါ်မှခုန်ချ

hot news :၂၀၁၂ ခုနှစ်၊ မေလ (၂၇) ရက်နေ့တွင် လှည်းတန်းလမ်း ကမာရွက်မြို့နယ်တွင် နေထိုင်သူ မ——–ခေါ် အမျိုးသမီးအား သူ၏ မိတ်ဆွေမှ မီးနှင့် ရှို့၍ သေဆုံးသွားမှု ၂၀၁၂ မေလ (၃၀)  ရက်နေ့တွင် မ—–ခေါ် အမျိုး သမီးအား ဦးလေဖြစ်သူမှ သတ် ၍ ပစ္စည်းယူမီးရှို့ခံရမှု ၂၀၁၂ ခုနှစ်  ဇွန် (၁၀) ရက်နေ့ ည ၈း၃၀ နာရီ ခွဲခန့်တွင် အဆိုပါဖြစ်စဉ်များနှင့် အတူအသက် ၂၀ ပတ်ဝန်းကျင်ခန့်  အမျိုးသမီးတစ်ဦးမိမိနေအိမ်တိုက်  ၅ လွှာပေါ်မှ ခုန်ချကာကိုယ့်ကိုယ် ကိုယ်သတ်သေခဲ့ကြောင်း သိရ သည်။

အဆိုပါဖြစ်စဉ်တွင် အမှတ် (၁၅) မြေနီကုန်း၊ ဈေးလမ်း၊ စမ်း ချောင်းမြို့နယ်တွင် နေထိုင်သူ အမျိုးသမီး မ—–ဆိုသူသည် နေအိမ်တိုက် ၅ လွှာပေါ်မှ ၂၀၁၂ ခုနှစ် ဇွန်လ (၁၀) ရက်နေ့ ည ၈း၃၀ နာရီခွဲခန့်က ခုန်ချကာ သတ်သေခဲ့ကြောင်း အဆိုပါလမ်း  တွင်နေထိုင်သူမျက်မြင်သက်သေ အမျိုးသမီးတစ်ဦး  မှပြောကြား သည်။ အဲဒီကောင်မလေးကလိမ် လည်းလိမ်မာတယ်ဘယ်သူနဲ့မှလည်း စကားမပြောဘူးတစ်ယောက်တည်း  ပဲ အေးအေးဆေးဆေးနေတယ် ဘယ်သူနဲ့မှလည်း စကားပြောတယ့် လို့မရှိဘူးဟု အဆိုပါပုဂ်္ဂိုလ်မှ  ဆက်လက်ပြောကြားသည်။ ““ခုန်ချ   လိုက်တာတော့ မသိလိုက်ရဘူး။ ဓာတ်ကြိုးပေါ်ကို ပြုတ်ကျလို့ ရှော့ဖြစ်တဲ့အသံကိုတော့ ကြား လိုက်ရတယ်ပြီးတော့မှ ““ဘုတ်”” ဆိုတဲ့ အသံကိုကြားလိုက်ရတာ ပထမတော့အစ်မတို့ကမသိဘူး။ အပေါ်က အမှိုက်ထုပ်တို့ ဘာတို့ ညာတို့ ပြုတ်ကျတယ်ထင်နေတာ  နောက်ကျတော့မှ သွားကြည်တော့ အဲဒီကောင်မလေးဖြစ်နေတာ ကို အစ်မတို့ကသိတာ””ဟု အဆိုပါ မြေနီကုန်ဈေးလမ်းတွင် နေထိုင်သူ  မျက်မြင်သက်သေအမျိုးသမီးတစ် ဦးမှ ပြောကြားခဲ့သည်။ အဆိုပါ  ဖြစ်စဉ်များနှင့် ပတ်သက်၍စုံစမ်း ရာတွင် (၁၄) ရက်အတွင်း အမျိုးသမီး (၃) ဦးသေဆုံးသည့် အသက်အရွယ်မှာ ၂၀ပတ်ဝန်းကျင်  သာရှိကြောင်း သိရှိရသည်။
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map