Eleven Media Group (2:00)PM
စစ်တွေမြို့တွင် ဘင်္ဂါလီရိုဟင်ဂျာများက ကျောင်းကြီးလမ်းရပ်ကွက်တွင်ရှိသ ည့် ရခိုင်လူမျိုးများ၏ အိမ်ကို မီးရှို့မှုကြောင့် မီးလောင်ကြွမ်းမှုမှာ ဆက်လက်
ဖြစ်ပွားနေပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖေါက် သတိပေးနေကြောင်း အဆိုပါနေရာသို့ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က မွန်းလွဲ ၁ နာရီ ၅၅ မိနစ်တွင် သတင်းပေးပို့ပါသည်။
ဖြစ်ပွားနေပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖေါက် သတိပေးနေကြောင်း အဆိုပါနေရာသို့ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က မွန်းလွဲ ၁ နာရီ ၅၅ မိနစ်တွင် သတင်းပေးပို့ပါသည်။
Eleven Media Group (1:24)PM
ယနေ့၁ နာရီ ၂၀ မိနစ်တွင် စစ်တွေမြို့ ကျောင်းကြီးတန်းရပ်ကွက် ရခိုင်လူမျိုးနေထိုင်သော အိမ်များကို ရိုဟင်ဂျာဘင်္ဂါလီများက မီးရှို့ပြီး ထွက်ပြေးရန် ဆောင်ရွက်နေကြောင့် ရခိုင်လူမျိုများက လိုက်လံ ဖမ်းဆီးနေကြကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်မှ သတင်းပေးပို့ပါသည်။
Eleven Media Group (1;32) PM
”အခုဖြစ်နေတဲ့ နေရာက နာဇီရပ်၊ အခု ဘင်္ဂါလီရိုဟင်ဂျာတွေ ပြေးစရာထွက်ပေါက်မရှိလို့ ရပ်ကွက်ထဲကို ၀င်ဖို့ကြိုးစားနေတယ်။ အခု သူတို့ ၀င်ဖို့ကြိုးစားနေတဲ့ နေရာက ကျောင်းကြီးတန်းရပ်ကွက် ၊ ထွက်ပြေးလာတဲ့ ဘင်္ဂါလီတွေနဲ့ ကျောင်းကြီးတန်းရပ်ကွက်က ရခိုင်တွေနဲ့ ထိပ်တိုက်တွေ့မယ့် အခြေအနေဖြစ်နေတယ်။ ဒီမှာက လမ်းသွယ်တွေက အများကြီးရှိနေတယ်။ လုံခြုံရေး ရောက်လာတာတော့ မရှိသေးဘူး” ဟု အဆိုပါနေရာသို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်က ယနေ့မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် သတင်းပေးပို့ခဲ့ပါသည်။
Eleven Media Group (1:13)PM
နာဇီရွာ မီးလောင်မှုဖြစ်စဉ်တွင် လူမျိုးခြားများ နေထိုင်သည့် နေအိမ်အတွင်းမှ မီးအားပိုမို တောက်လောင်စေသည့် လောင်စာဆီများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ မီးငြှိမ်းသတ်ရာတွင် အခက်အခဲ ရှိစေရန် လမ်းသွယ်၊လမ်းကြား အချို့တွင် အရာဝတ္တုများစွာဖြင့် ပိတ်ပင်ထားကြောင်း ရခိုင်ပြည်နယ် မီးသတ်ဦးစီးမှူး ဦးမင်းစန်းအေး က ပြောကြားခဲ့သည်။
The Voice Weekly (1:33)pm
ရိုဟင်ဂျာပဋိပက္ခကြောင့် နယ်စပ်လုံခြုံရေး ဘင်္ဂလားဒေ့ရှ် တိုးမြှင့်
ကောက်ဘဇားရှိ ရခိုင်ဘုရားပုထိုးများကို ရဲများစောင့်ရှောက်
ဒါကာ၊ ဇွန် – ၁၁အိမ်နီးချင်းမြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများနှင့်ဆက်နွှယ်သော ပဋိပက္ခများနှင့် ဆူပူအုံကြွများဖြစ်ပွားလျက်ရြှိ ခင်းကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျောက်တွင် လုံခြုံရေး တိုးမြှင့်လိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိသူများ၏ထုတ်ပြန်ချက်ကို CNA သတင်းတွင်ဖော်ပြထားသည်။
ကောက်ဘဇားရှိ ရခိုင်ဘုရားပုထိုးများကို ရဲများစောင့်ရှောက်
ဒါကာ၊ ဇွန် – ၁၁အိမ်နီးချင်းမြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများနှင့်ဆက်နွှယ်သော ပဋိပက္ခများနှင့် ဆူပူအုံကြွများဖြစ်ပွားလျက်ရြှိ
The Voice Weekly(1:27)pm
ဗျိုင်းဖြူရွာတွင်လူ(၅)ဦးသေဆုံးဆူပူအကြမ်းဖက်မှုများဆက်လက်ဖြစ်ပွားနေသောစစ်တွေမြို့ မြောက်ဘက်ရှိဗျိုင်းဖြူရွာတွင် သံတော်လီရွာမှ ဘင်္ဂါလီများကနေအိမ်များကို မီးရှို့ကာဒေသခံများကိုသေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ရခိုင်တိုင်းရင်းသား ငါးဦးသေဆုံးပြီးဒဏ်ရာရရှိသူအများအပြားရှိကြောင်းဒေသခံများထံမှ ဇွန်လ ၁၂ရက်နေ့ နံနက်၁၁နာရီ ၃၀ မိနစ်တွင် စုံစမ်းသိရှိရသည်။ဘင်္ဂါလီများကနေအိမ်များကိုမီးရှို့ကာသေနတ်များဖြင့်ဝင်ရောက်ပစ်ခတ်မှုကြောင်းဗျိုင်းဖြူရွာတွင် ယမန်နေ့က (၃)ဦးသေဆုံးခဲပြီး ယနေ့(၂)ဦး ထပ်မံသေဆုံး ခဲ့ကြောင်းအဆိုပါကျေးရွာသို့ ယခုအချိန်ထိလုံခြုံရေးတပ်ဖွဲ့ဝင်များ မရောက်ရှိသေးကြောင်း၎င်း တို့ကဆိုသည်။
“လုံခြုံရေးတွေမရောက်လို့ ကိုယ့်ဟာကိုယ်ဘဲကာကွယ်နေရတယ်။“ ဟုဒေသခံအမျိုးသားတစ်ဦးကဆိုသည်။
The Voice Weekly(1:10)pm
ဘင်္ဂါလီ် များနေထိုင်သောရပ်ကွက်ကိုဘင်္ဂါလီများကိုယ်တိုင်မီးရှို့ရန်စီစဉ်ဆူပူအကြမ်းဖက်မှုများဆက်တိုင်းဖြစ်ပွားနေသောရခိုင်ပြည်နယ်စစ်တွေမြို့ တွင်ဘင်္ဂါလီများနေထိုင်သောအောင်မဘင်္ဂါလီရပ်ကွက်ကိုအဆိုပါဘဂါင်္လီများကမီးရှို့ဖျက်စီးပြီးထွက်ပြေးရန် လုပ်ဆောင်နေကြကြောင်း သက်ဆိုင်ရာများထံမှ သိရှိရသည်။ဘင်္ဂါလီရိုဟင်ဂျာများကယင်းသို့မီးရှို့ခြင်းမှာ ၄င်းရပ်ကွက်ပတ်ပတ်လည်တွင် ရခိုင်ကျေးရွာများရှိ၍ဖြစ် ကြောင်း၊ ၄င်းတို့၏နေအိမ်များကိုမီးရှို့ပါက ရခိုင်ကျေးရွာများကိုပါမီးလောင်မှုများဖြစ်ပွားစေကြောင်းဒေသခံများကဆို သည်။
“အရင်နေ့တွေကလည်းဒီလိုဘဲမီးရှို့ပြီးထွက်ပြေးကြတယ်။သူတို့အိမ်(၁၀) လုံးမီးလောင်ရင် ရခိုင်အိမ်(၅၀) လောက်ပါလောင်ကုန်တယ်“ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်မြို့တစ်မြို့ဖြစ်သော ကောက်ဘဇားတွင် နယ်စပ်လုံခြုံရေးတပ်များကို တိုးမြင့်ထားပြီး၊ယင်းဒေသရှိ ရိုဟင်ဂျာ ၃သိန်းခန့်နေထိုင်သော ဒုက္ခသည်စခန်းကိုလည်း ဘင်္ဂလားဒေ့ရှ်ရဲများက သတိထား၍စောင့်ကြည့်လျက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရတာဝန်ရှိသူတစ်ဦးဖြစ်သူ Jasim Uddin ကပြောကြားသည်။
မြန်မာနှင့်နယ်နမိတ်ချင်းထိစပ်နေသော ကီလိုမီတာ ၂၀၀ (မိုင် ၁၂၅မိုင်)တလျောက်တွင် နယ်စပ်လုံခြုံရေးကိုတိုးမြှင့်ထားရန်အမိန့်ပေးထားကြောင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေးတပ်ဖွဲ့အကြီးအကဲ ဗိုလ်မှုးချုပ် Anwar Hossain က Daily Star သတင်းကိုပြောကြားသည်။
ထို့ပြင် ကောက်ဘဇားဒေသရှိ ရခိုင်ဘုရားပုထိုး များတွင်လည်း လုံခြုံရေးတိုးမြှင့်ထားကြောင့် ကောက်ဘဇားရဲတပ်ဖွဲ ဒုရဲချုပ် Uttam Kumar က AFP သတင်းဌာနသို့ပြောကြားသည်။

1 comments:
အင်း..
Post a Comment