မြို့လယ်တ၀ိုက်တွင် ဆိုက်ကားနင်းသူ တဦးက “ဒီနေ့မနက် ၉ နာရီခွဲထိနင်းတာတောင် ၁ ထောင်ပဲရသေးတယ်။
လူအသွားအလာ တော်တော်လေးရှင်းနေတယ် ” ဟုပြောသည်။မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်သူတဦးက ရန်ကုန်မြို့လယ် အခြေအနေကို ဖုန်းဖြင့်လှမ်းမေးကာ မင်္ဂလာဒုံမြို့နယ်ရှိ အထက်တန်းကျောင်းတကျောင်းမှ မူလတန်းကျောင်းသားများအား ပြန်လာခေါ်ရန် မကြာသေးမီက မိဘများအား အကြောင်းကြားခဲ့ကြောင်း တစုံတရာ ဖြစ်ပွားခြင်းကြောင့်ထက် စိုးရိမ်မှုကြောင့် မိဘများအား အကြောင်းကြားခြင်း ဖြစ်သည်ဟုလည်း ၎င်းကပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရန်ကုန်မြို့လယ် ဆူးလေစေတီတ၀ိုက်တွင် ရခိုင်ပြည်နယ် မငြိမ်မသက်မှုများတွင် သေဆုံးသွားရသူများအတွက် ဆုတောင်းမှုများ ငြိမ်းချမ်းစွာပြုလုပ်ခဲ့ကြသည်။ ။

1 comments:
အင်း
Post a Comment