<div style='background-color: none transparent;'></div>

Home » » လက်ရှိပဋိပက္ခများအပေါ် သံဃာ့မဟာနာယက အဖွဲ့မိန့်ကြားချက်ထွက်ပေါ်

လက်ရှိပဋိပက္ခများအပေါ် သံဃာ့မဟာနာယက အဖွဲ့မိန့်ကြားချက်ထွက်ပေါ်

7Day News Journal  (11:22)am
စစ်တွေမြို့တွင် တည်ငြိမ်နေပြီဟု ပြည်နယ်အစိုးရက သတင်းစာ ရှင်းလင်း ပွဲပြုလုပ်ကာ ကြေငြာခဲ့သော်လည်း ယနေ့နံနက် သန်းခေါင်ကျော် ၁ နာရီခန့် က စစ်တွေမြို့၊ မြို့သူကြီးရပ်ကွက်၊ ဘဖြူလမ်းအနီးတွင် ဘင်္ဂါလီ လူမျိုးများ က ဒီဇယ်လောင်း၍ မီးရှို့မှုကြောင့် အိမ်ခြေ ခုနှစ်ဆယ်ကျော် မီးလောင်ကျွမ်း ခဲ့သည်။
မီးလောင်နေချိန်တွင် ဘင်္ဂါလီများ ပင်လယ်ဖက်မှ ကမ်းခြေသို့ ချဉ်းကပ်လာ မှုကြောင့် ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်မောင်းထုတ်ခဲ့ရ သည်။ ပြည်သူ လူထုသည် ညမထွက်ရအမိန့်ထုတ်ပြန်ထားသော်လည
်း မိမိတို့နေအိမ် ရပ်ကွက်များ လုံခြုံရေးအတွက် အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေခဲ့ကြ သည်။

7Day News Journal   (11:16)am  (11:23)am
ဇွန် ၁၄ ရက် နံနက်ပိုင်း စစ်တွေမြို့၊ လေယာဉ်ကွင်းအနီးမှ ဖြတ်သန်းကာ
ကျေးရွာရွှေ့ပြောင်းနေသော ဘင်္ဂါလီလူမျိုးတချို့ကို တွေ့ရစဉ်။ ဘင်္ဂါလီများသည် စစ်တွေမြို့တွင်း ကျေးရွာရပ်ကွက်များမှ မြို့ပြင်ကျေးရွာများသို့ ပြောင်းရွှေ့သွားကြပြီဖြစ်သည်။
ဓာတ်ပုံ- ဂျေမောင်မောင်-အမရပူရ
7Day News Journal  (11:33)ap
ယခု ၁၁ နာရီခွဲတွင် စစ်တွေမြို့၊ မြို့သူကြီးရပ်ကွက်အနီး၊ ပင်လယ်အတွင်း မသင်္ကာဖွယ် လှေတစ်စီးချဉ်းကပ်လာသည့်အတွက် လုံခြုံရေးတပ်ဖွဲ့များက
သေနတ်ဖြင့် ပစ်ခတ်ခြောက်လှန့်မောင်းထုတ်ခဲ့
သည်။
7Day News Journal  (12:00)am
လက်ရှိပဋိပက္ခများအပေါ် သံဃာ့မဟာနာယက အဖွဲ့မိန့်ကြားချက်ထွက်ပေါ်
ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်နေသော ပဋိပက္ခများအား တန်ပြန်လက်စားချေခြင်းမပြုကြဘဲ မေတ္တာဖြင့်
ဖြေရှင်းရန် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဥက
္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးက ဇွန် ၁၂ ရက် အင်္ဂါနေ့
နေ့စွဲဖြင့် ပြည်သူပြည်သားများသို့ မိန့်ကြားချက်ကို ထုတ်ပြန်ကြေညာသည်။“မတော်တဆဖြစ်ပေါ်လာသော ပဋိပက္ခအမှုကို တန်ပြန်လက်စားချေလိုသည့် သဘောဖြင့် မဖြေရှင်းဘဲ အကြောင်းအကျိုး အဆိုးအကောင်းပညာဉာဏ်ဖြင့် ဝေဖန်ကာ မေတ္တာဖြင့် ဖြေရှင်းသွားမည်ဆိုပါက အားလုံးငြိမ်းချမ်းပြေလည်ပြီး သုခချမ်းသာတရားများရရှိကြမည်ဖြစ
်ပါသည်”ဟု မိန့်ကြားထားသည်။ မတူကွဲပြားသော ဘာသာရေးယုံကြည်သူများဖြစ်သော်လည်း လူမှုရေး၊ လူယဉ်ကျေးမှုကိစ္စရပ်များတွင် တစ်ဦး၏အယူအဆကို တစ်ဦးကလေးစားခြင်း၊ အနှောင့်အယှက်မပြုဘဲ မေတ္တာကရုဏာ မုဒိတာ
ဥပေက္ခာပွားများခြင်း လက်တွဲဆောင်ရွက်ကြခြင်းဖြင့် လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်
၏ အနှစ်သာရကို
ဖြစ်ကြစေကြောင်း ဗန်းမော်ဆရာတော်ကြီးက ဆုံးမစကားမိန့်ကြားထားသည်။

ရခိုင်ပြည်နယ်တွင် မေ ၂၈ ရက်မှ စတင်ဖြစ်ပွားခဲ့သော ဘာသာခြားဧည့်နိုင်ငံသားသုံးဦးမ
ရခိုင်အမျိုးသမီးတစ်ဦးအား မုဒိမ်းကျင့်ကာသတ်ခဲ့ခြင်းကစတင်
ကာ အပြန်အလှန်ကလဲ့စားချေသတ်ဖြတ်မှုများ
ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map