အခြားတိုင်းတပါးသို့ေ၇ာက်ရှိနေကြမြန်မာလူမျိုးအပေါင်းတို့သည်တစ်ဦးကိုတစ်ဦးရိုင်းပင်းကူညီဖေးမသင့်
ပါသည်။ယခုတော့ထိုသို့မဟုတ်ပါ။ဗဖြင့်အမည်ဖြင့်စသောထိုလူယုတ်မာသည်PAYAR LAOUR MRT ၀န်းကျင်ရှိTANJONG KANTONG ROAD ၌ အိမ်ခန်းငှားစားနေသူဖြစ်ပြီ: မိမိအိမ်တွင်လာရောက်နေထိုင်သူအပေါင်းအား ကာကွယ်စောင့်ရှောက်ရမည့်အစား အမျိုးသမီးများရေချိုးနေချိန်ချောင်းကြည့်တတ်သောလွန်စွာနှိမ့်ကျသူဖြစ်သည်။မိန်းမရှိသူလည်းဖြစ်သည်။

၁၅.၃.၂၀၁၂ ၌သူချောင်းကြည့်တာကိုလူမိသွားသည်။တစ်ဖက်အိမ်သာအခန်းမှ နံရံပေါ်သို့ တက်ပြီးချောင်းကြည့်နေသည်ကို ရေချိုးနေသူကိုယ်တိုင် မိသွားသည်။ သို့ရာတွင် သူမလုပ်ကြောင်းငြင်းဆိုသည်။ ကျန်သောလူများကလည်း ဟုတ်နိုးမဟုတ်နိုး ဖြစ်ကုန်ကြသည်။ချောင်းကြည့်ခံရသူမှာ အိပ်ခန်း အသစ်အလျှင်အမြန်ရှာရပြီး ပြောင်းရွှေ့သွားရသည်။ သူမနေရာသို့ အသစ်ထပ်ရောက်လာသည်။ ၆.၄.၂၀၁၂ မှာအသစ်တစ်ယောက်ရေချိုးနေစဉ် ထပ်ချောင်းကြည့်ပြန်သည်။ ရုတ်တရက်လှည့်ကြည့်လိုက်သဖြင့် ပုန်းချိန်မရတော့ပဲ မျက်နှာချင်းပက်ပင်းဆုံတွေ့သွားသည်။ ထိုသို့သူမလုပ်ကြောင်းထပ်မံငြင်းပြန်သည်။ ထိုအမျိုးသမီးမှာလည်း ညတွင်းချင်းပြောင်းပြေးရလေသည်။ အိမ်ထောင်ရှိသူများကိုပင်မရှောင် ထိုသို့ပြုလုပ်နေသည်။ ထိုသို့လွန်စွာမှ အောက်တန်းကျစွာအကြိမ်ကြိမ်ပြုလုပ်နေပါသဖြင့် စကာင်္ပူရောက်မြန်မာအမျိုးသမီးများ ထိုသို့သောလူယုတ်မာငှားရမ်းသောအိမ်မျိုး၌မငှားမိစေရန်အသိပေး ရခြင်းဖြစ်ပါသည်။ ထိုသူအသက် ၃၀ အောက်၇ှိပြီး အရပ်ရှည်ပြီး ပိန်သည်။အမည်မှာ ဗ ဖြင့်စသည်။ အပြင်ပန်းကြည့်လျှင် သဘောကောင်းသည့်ပုံစံဖြစ်သည်။ အိမ်ခန်းငှားမည့်အမျိုးသမီးများ စကာင်္ပူရောက်ရင်ဖြင့် မည်သည့်နေရာ၌ပင်ဖြစ်စေ ထိုအချက်အလက် ပါသောအိမ်ရှင်ဆိုလျှင်ဝေးရာသို့ ရှောင်ကြပါကုန်။
http://myanmarinsingapore.com/profiles/blogs/2316969:BlogPost:306724
1 comments:
မိုက်ရိုင်းလိုက်တာနော်----
Post a Comment