<div style='background-color: none transparent;'></div>

Home » » ကမ္ဘာ့ဖလား ခြေစစ်ပွဲ အင်္ဂလန်လူစာရင်းတွင် ရွန်နီနှင့် ဂျိုးဟတ်တို့ ပါဝင်လာ

ကမ္ဘာ့ဖလား ခြေစစ်ပွဲ အင်္ဂလန်လူစာရင်းတွင် ရွန်နီနှင့် ဂျိုးဟတ်တို့ ပါဝင်လာ




အင်္ဂလန်နည်းပြ ရွိုင်းဟော့ဆန်မှာ မွန်တီနီဂရိုး၊ ပိုလန်တို့နှင့် ကစားမည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲများအတွက်ညို့သကျည်း ဒဏ်ရာရှိနေသည့် ရွန်နီနှင့် မန်စီးတီး ဂိုးသမား ဂျိုးဟတ်တို့ကို ခေါ်ယူခဲ့ကြောင်း သိရသည်။ ရွန်နီမှာ ပြီးခဲ့သည့်လအတွင်း ကစားခဲ့သည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်များတွင် ဦးခေါင်းဒဏ်ရာ ပြဿနာကြောင့် ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိသည့်အပြင် ညို့သကျည်းဒဏ်ရာကြောင့် ရှက်တာဒိုးနက်နှင့် ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် မန်ယူအတွက် မပါဝင်နိုင်ခဲ့ပေ။

သို့သော် မန်ယူနည်းပြ မိုရက်စ်က ရွန်နီအနေဖြင့် ဆန်းဒါးလန်းတွင် ပွဲစဉ်တွင် ကြံ့ခိုင်မှု အပြည့်ဖြင့် ပြန်လာနိုင်မည်ဟု ဖွင့်ဟထားသည့်အတွက် ရွိုင်းဟော့ဆန်က အင်္ဂလန် လူစာရင်းတွင် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ရွိုင်းဟော့ဆန်မှာ ဝေဖန်မှုများစွာနှင့် ရင်ဆိုင်နေရသည့် မန်စီးတီး ဂိုးသမား ဂျိုးဟတ်ကိုလည်း ရွေးချယ်ခဲ့သည်။ ဂျိုးဟတ်မှာ ဘိုင်ယန်ကို (၁-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အမှားအယွင်းများ ကျူးလွန်ခဲ့ပြီး အင်္ဂလန်နည်းပြ အဖွဲ့ဝင် ဂယ်ရီနဗီးကလည်း ဂျိုးဟတ်၏ စွမ်းဆောင်မှုကို ဝေဖန်ခဲ့သည်။ သို့သော် ရွိုင်းဟော့ဆန်က ဂျိုးဟတ်မှာ မိမိ၏ နံပါတ်(၁)ဂိုးသမားအဖြစ် ဆက်ရှိမည်ဟု အတည်ပြုခဲ့ပြီး ၎င်းကို ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ဇော်ထွန်း(ရိုးရာလေး)......................မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map