<div style='background-color: none transparent;'></div>
Home » » ယူနိုက်တတ်နှင့်စာချုပ်သက်တမ်းထပ်မံတိုးမြှင့်ရန် ၀ိန်း ရွန်းနီ အတည်ပြု။
ယူနိုက်တတ်နှင့်စာချုပ်သက်တမ်းထပ်မံတိုးမြှင့်ရန် ၀ိန်း ရွန်းနီ အတည်ပြု။
အသင်းနဲ့ အတူ စာချုပ်သစ် ထပ်မံချုပ်ဆိုဖို့ အတွက် စီစဉ်နေတယ်
ဆိုတဲ့ သတင်းကို အတည်ပြုပြောကြားခဲ့ပါတယ်။
အသင်း ပရိတ်သတ်များအနေနဲ့ အသင်းမှာ ကျွန်တော် ပျော်ပျော်ရွှင်ရွှင်
နဲ့ ဆက်လက် ကစားနေတာကို မြင်တွေ့ ရတော့မှာဖြစ်ပါတယ်။ ကျွန်တော်
ဟာ အသင်းနဲ့အတူ စာချုပ်သက်တမ်းထပ်မံတိုးမြှင့်ဖို့ အတွက် ဆုံးဖြတ်ချက်
ချထားပြီးပါပြီ။ သိပ်မကြာခင် အတောအတွင်းမှာ ပရိတ်သတ်များအနေနဲ့ ပျော်ရွှင်ခွင့်ရတော့မှာပါလို့ ဆိုပါတယ်။
ဝိန်း ဟာ ယခုလက်ရှိစာချုပ် အရ တစ်ပတ်လုပ်ခ ပေါင် ၂သိန်းခွဲ ရရှိနေပြီး
စာချုပ်သက်တမ်းဟာလည်း ၁၈ လသာ ကျန်ရှိနေပါတော့တယ်။
အသက် ၂၇ နှစ်အရွယ်ရှိနေပြီး ဖြစ်တဲ့ အဆိုပါ တိုက်စစ်မှူး ဟာ
ယူနိုက်တတ် အသင်းနှင့်အတူ အောင်မြင်မှုများစွာ ရယူထားနိုင်သူ
ဖြစ်ပြီး ဆုဖလားများစွာကိုလည်း ဆွတ်ခူးထားသူဖြစ်ပါတယ်။
စာချုပ်သစ်ထပ်မံချုပ်ဆိုနိုင်ခဲ့မည်ဆိုပါက ၀ိန်း အနေနှင့် လစာ တိုးမြင့်
ခံစားရဖွယ်ရှိနေပြီး တစ်ပတ်လုပ်ခ ပေါင် ၃သိန်း နှင့် အတူ လစာအများ
ဆုံးကစားသမားများဖြစ်ကြသော စီရော်နယ်ဒို ၊ မက်ဆီ
တို့ နှင့်အတူ တပြေးညီ လစာရရှိတော့မှာဖြစ်ပါတယ်။
ယူနိုက်တတ် အနေနှင့်လည်း အခြား စာချုပ်သက်တမ်း ကုန်ဆုံး
တော့မည်ဖြစ်သည့် ကစားသမားများကို ခရစ္စမတ်အမှီ သက်တမ်းတိုးမြှင့်
နိုင်ရန် အတွက် ပြင်ဆင်နေပြီဖြစ်တယ်လို့ လည်း သတင်းများအရ
သိရပါတယ်။
About manutd-myanmar.com
အချိန်နဲ့ တပြေးညီ မန်ယူသတင်းတွေကို တင်ပေးနေမယ်။ လိုရင်းတိုရှင်း နဲ့ မှန်မှန်ကန်ကန်ရေးမယ်။ ဘာသာပြန်တာနဲ့ ပတ်သတ်ပြီး အမှား ရှိရင် ထောက်ပြခဲ့နိုင်ပါတယ်။ လိုအပ်ချက်များကို အမြဲ ပြင်ဆင်လျှက် သတင်းဖတ်ရှုပြီးသွားပါက Facebook ကွန်မန့် များ ထားခဲ့နိုင်ပါတယ်။ကျွန်တော်တို့ Website အတွင်း ၀င်ရောက်ဖတ်ရှု အားပေးမှုအား အထူးပင်ကျေးဇူးတင်ရှိပါသည်။
မန်ယူဖန်များအတွက်သီးသန့်နေရာ......................မှ
Share this article :
0 comments:
Post a Comment
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map