<div style='background-color: none transparent;'></div>

Home » » လက်ရွေးစင်အသင်းက တော့တီရဲ့အတိတ်ထဲမှာပါ

လက်ရွေးစင်အသင်းက တော့တီရဲ့အတိတ်ထဲမှာပါ


ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အီတလီနည်းပြ ပရင်ဒယ်လီက လက်ရွေးစင်အသင်းမှာ တော့တီကို ရွေးချယ်ဖို့
စဉ်းစားရတော့မယ်လို့ ပြောခဲ့သလို အခုအခါမှာလည်း ဂျူဗင်တပ် အသင်းခေါင်းဆောင် ဘူဖွန်ကတော့တီကို လက်ရွေးစင်အသင်းမှာ
ရွေးချယ်ထိုက်တယ်လို့ ပြောလာခဲ့ပါတယ်။ တော့တီဟာ (၂၀၀၆)ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးကတည်းက အီတလီလက်ရွေးစင် ကစားသမားအဖြစ်ကနေ အနားယူခဲ့ပြီး သူအနားယူခဲ့တာ အခုဆိုရင် (၇)နှစ်ရှိခဲ့ပါပြီ။ (၃၇)နှစ်ဆိုတဲ့ သူ့အသက်အရွယ်က လက်ရွေးစင်ကစားသမားဖြစ်ဖို့ အဟန့်အတားတစ်ရပ်ပါပဲ။

တော့တီရဲ့လက်ရှိခြေစွမ်းက လက်ရွေးစင်အသင်းအတွက် ထိုက်တန်သေးရဲ့လားဆိုတဲ့ မေးခွန်းကိုဖြေဖို့ တော့တီရဲ့ အချက်အလက်တွေကို စာရင်းစစ်ကြည့်ဖို့ လိုပါလိမ့်မယ်။ တော့တီဟာ အခုရာသီမှာ ရိုးမားအတွက် စီးရီးအေပွဲစဉ်(၇)ပွဲ ကစားပြီး (၃)ဂိုးသွင်းပေးထားနိုင်သလို နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်(၂)မှာ အကောင်းဆုံး ကစားသမားဆု ဆွတ်ခူးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ (၇)ပွဲ ကစားပြီး (၃)ဂိုးသွင်းတဲ့ဆိုတာ အံ့မခန်းခြေစွမ်းမဟုတ်ဘူးလို့ သတ်မှတ်နိုင်ပါတယ်။ ဒါပေမဲ့ တော့တီဟာ စီးရီးအေပွဲစဉ်(၇) ကစားပြီးတဲ့အထိ စီးရီးအေရဲ့ ဂိုးဖန်တီးမှု အများဆုံးလုပ်ထားနိုင်တဲ့ ကစားသမားဆိုတာ ပရင်ဒယ်လီအတွက် မျက်စိကျစရာဖြစ်နိုင်ပါတယ်။

ပရင်ဒယ်လီက လက်ရွေးစင်အဖြစ် ခေါ်ယူဖို့ စကားစလာပေမယ့် တော့တီကတော့ ရိုးမားအတွက်ပဲ အာရုံစိုက်နေတာကြောင့် သူ့စိတ်ထဲမှာ အီတလီအသင်း ရှိမနေဘူးဆိုရင်လည်းနားလည်ပေးကြပါလို့ တောင်းဆိုထားပါတယ်။
တော့တီကို အီတလီအသင်းမှာ ပြန်ခေါ်မယ်ဆိုတာ သူ့ပရိသတ်တွေအတွက် သတင်းကောင်းတစ်ရပ်ဖြစ်ပေမယ့် အီတလီအသင်းမှာ တော့တီ
ပြန်ကစားဖို့ကတော့ အနိုင်ပိုင်းခဲ့တဲ့ လက်ရွေးစင်မှတ်တမ်းကြောင့်
ဖြစ်နိုင်ချေတော်တော်နည်းနေတယ်ဆိုတာပါပဲ။

ဇော်ထွန်း(ရိုးရာလေး)...............မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map