<div style='background-color: none transparent;'></div>

Home » » ဆီးဂိမ်းတွင် သယ်ယူပို့ဆောင်ရေး ယာဉ်အစီး ၈ဝဝကျော် သုံးမည်

ဆီးဂိမ်းတွင် သယ်ယူပို့ဆောင်ရေး ယာဉ်အစီး ၈ဝဝကျော် သုံးမည်


=====================
ညီသစ်လူ ၊စက်တင်ဘာ(၁၁) ၊ရန်ကုန်
=====================
ဆီးဂိမ်း ပြိုင်ပွဲကာလတွင် သယ်ယူပို့ဆောင် ရေးအတွက် မော်တော်ယာဉ် အစီးရေ ၈၁၀ အသုံးပြုရန်စီစဉ် ထားကြောင်း အားကစားဝန်ကြီး ဌာနမှ သိရသည်။
ဖွင့်ပွဲအခမ်းအနားသို့တက် ရောက်လာမည့် အာဆီယံနိုင်ငံ များ အကြီးအကဲများ၊ အာဆီယံ နိုင်ငံ အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ များ၊ အာဆီယံနိုင်ငံများမှ အား ကစား အဖွဲ့ခေါင်းဆောင်များ အတွက် T1 (Saloon)ကား ၂၂ရ စီး၊ အာဆီယံအားကစားအဖွဲ့ ချုပ်ကောင်စီမှ မိသားစုဝင်များ၊ ကမ္ဘာ/အာရှအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌ များ၊ အတွင်းရေးမှူးများ၊ အာရှ/ အာဆီယံဒိုင်ဂျူရီများ၊ အာဆီယံ အားကစားအဖွဲ့ဒုခေါင်းဆောင် များအတွက် T2 (Saloon/Wagoon) ကားအမျိုးအစား ၁၃စီး၊ နည်း စနစ်ကိုယ်စားလှယ်များ၊ ဒိုင်/ ဂျူရီ(အဖွဲ့လိုက်ရှစ်ဦးအထိ)များ အတွက် T3 Micro Bus(Hiace Townace) ကားအမျိုးအစား ၁၅၀ စီး၊ အုပ်ချုပ်၊ နည်းပြ၊ အားကစား သမားများ၊ လေ့လာသူများ၊ မီ ဒီယာများနှင့် အသိအမှတ်ပြုကတ် ရရှိသူများအတွက် T4(city bus Minibus) ကားအမျိုးအစား အစီး ၂၁၀ အသုံးပြုရန် စီစဉ်ထား ကြောင်း သိရသည်။
ထိုသတ်မှတ်ချက်တွင် မပါ ဝင်သူများနှင့် ပြိုင်ပွဲလာရောက် အားပေးသည့် ပရိသတ်များမှာ သယ်ယူပို့ဆောင်ရေးကော်မတီ မှ သတ်မှတ်နှုန်းဖြင့် ငှားရမ်းရ မည်ဖြစ်သည်။

အေးချမ်းမွန်................မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map