<div style='background-color: none transparent;'></div>

Home » , » ညီလေး......

ညီလေး......





မင်းအဖေ ကားဒရိုင်ဘာကြီး .....
တပ်ရင်းရှေ့ ဂိတ်မှာ ရောက်လာပြီတဲ့  ....
မင်းအမေ လည်းပါတယ်.....
ဆေးကျောင်း တက်ခါနီး မင်းညီမလေးလဲပါလာတယ်......
မင်းတို့ မိသားစု အကုန်ပေါ့.....။

နူတ်ခမ်းတွေ တဆတ်ဆတ်တုန်ပြီး ....
သွေးဆုတ်ဖြူလျော်နေတဲ့  .....
မင်းအဖေ မျက်နှာကို ကိုယ်ဘယ်လိုကြည့်ရမလဲ.....

မျက်ရည်တွေ တတွေတွေ ကျနေတဲ့.....
ဒယီးဒယိုင်နဲ့  ညီလေး အမေကို ....
ကိုယ် ဘယ်လို အားပေးရမလဲ ......

တဆတ်ဆတ်တုန်နေတဲ့  နူတ်ခမ်းအစုံနဲ့ ......
အမေ့ကို မနိုင့်တ နိုင် တွဲထားတဲ့  မင်းညီမလေးကို .....
ကိုယ် ဘာပြောပြ ရမှာလဲ ညီလေး.....

ဗိုလ်ကြီးရယ် ....
ကျွန်တော့်တို့ သားလေးကို ကြည့်ပါရစေလို့ ဆိုရင်.....
တစ်ကိုယ်လုံး ဓားနဲ့ မွှမ်းခံ ထားရတဲ့  ညီလေးကို ....
ဗိုက်ခွဲ ခံထားရ တဲ့  ညီလေးကို ....
ခေါင်းတစ်ခြား ကိုယ်တစ်ခြား နဲ့ ညီလေးကို .....
ပြလို့ မဖြစ်ဘူး ဆိုတာ .....
ကိုယ်ဘယ်လို လုပ် ပြောထွက်ရမလဲ ညီလေးရယ်....

ဗိုလ်ကြီး .......
၂၈ ရက်နေ့ ညက .....
အမေ ရေ ................................................. လို့ 
နာနာကျင်ကျင် အော်နေတဲ့  သား အော်သံတွေ ....
ကျွန်မ အိမ်မက်မက်တယ် ......
သူ တိုက်ပွဲကျတာ အဲဒီနေ့ လားလို့ မေးလာရင် ....
မဟုတ်ဘူး ........
သူ့ ကို အရှင်ဖမ်းမိသွားတာပါ ဆိုတာ ...
ကိုယ် ဘယ်လိုရှင်းပြရက်ပါ့မလဲ ညီလေးရယ် ...

ဗိုလ်ကြီး ....
ငြိမ်းချမ်းရေး က လက်မှတ် ထိုးထားပြီးသား ဆို .......
ဗိုလ်ကြီး .....
သားတို့ က သူတို့  တပ်ရှိတဲ့ မချမ်းဘောနားမှာပဲ လာချ ခံရတာဆို ....
ဗိုလ်ကြီး ......
သမ္မတကြီး က သားကို သတ်သွားတဲ့ကောင်တွေ ကို .....
တိုက်ခွင့် မပေးဘူးဆို.....
ဗိုလ်ကြီး .......
ကျွန်တော်တို့ ကို သား မျက်နှာလေး ကို ...
နောက်ဆုံး အနေနဲ့ တောင် ကြည့်ခွင့် မပေးတော့ဘူးဆို.......
ဗိုလ်ကြီး......

ဗိုလ်ကြီး.......

ညီလေးရေ........
ညီလေး.....................

ကိုယ်လည်း ဘာတစ်ခုမှ မဖြေ နိုင်တော့ပဲ .....
မင်း မိသားစုနဲ့ အတူတူ ရောငိုနေ ရပါပြီ ညီလေးရယ် .....။

ရဲမိုး


Golden Land Myanmar..................မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map