<div style='background-color: none transparent;'></div>

Home » » သမီးသေဆုံးမှုအတွက် လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားခဲ့၍ တရားစွဲခံရသူ ဦးဘရန်ရှောင်အား စက်တင်ဘာ ၉ ရက်တွင် အမိန့်ချမှတ်မည်

သမီးသေဆုံးမှုအတွက် လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားခဲ့၍ တရားစွဲခံရသူ ဦးဘရန်ရှောင်အား စက်တင်ဘာ ၉ ရက်တွင် အမိန့်ချမှတ်မည်



Created on Saturday, 07 September 2013 01:33

ကချင်ပြည်နယ် ဖားကန့်မြို့၊ ဆွတ်ငိုင်တောင်ရပ်ကွက်တွင် နေထိုင်သူ ဦးဘရန်ရှောင်အား မိမိသမီး သေဆုံးမှုအတွက် လူ့အခွင့်အရေး ကော်မရှင်သို့ အကြောင်းကြားစာ ပေးပို့မှုအတွက် ဖားကန့်အခြေစိုက် ဗျူဟာမှူးတစ်ဦးက တရားစွဲဆိုထားမှုကို စက်တင်ဘာ ၉ ရက်တွင် အမိန့်ချမှတ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

စွဲချက်တင်သင့် မတင်သင့်ကို ချမှတ်မည်ဖြစ်ပြီး စွဲချက်မတင်သင့်သော အမှုဖြစ်ပါက ဦးဘရန်ရှောင်မှာ ဆက်လက်တရား ရင်ဆိုင်ရန် မလိုတော့ကြောင်း သိရသည်။

''တရားစွဲတဲ့ လမ်းကြောင်းက အစကတည်းက မှားနေတယ်။ စစ်ဆေးချက်အရ တရားစွဲဆိုတဲ့ လူတွေကလည်း တရားလိုရော တရားလိုပြ သက်သေတွေရော တစ်ယောက်မှ တိုင်ကြားစာ မဖတ်ဖူးဘူး'' ဟု ဦးဘရန်ရှောင်၏ ရှေ့နေဖြစ်သူက ပြောကြားသည်။

ဦးဘရန်ရှောင်သည် ၎င်း၏သမီး သေဆုံးမှုကို စစ်ဗျူဟာရုံးများ၊ ပြည်နယ်အစိုးရ ၀န်ကြီးများ၊ နိုင်ငံတော် သမ္မတနှင့် လူ့အခွင့်ရေး ကော်မရှင်သို့ ၂၀၁၂ ခုနှစ် စက်တင်ဘာနှင့် အောက်တိုဘာလများတွင် အကြောင်းကြားစာများ ပေးပို့ခဲ့သည်။ ၎င်းပေးစာများအနက် လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားသည့် စာကို အကြောင်းပြုပြီး ဖားကန့်အခြေစိုက် ဗျူဟာမှူးတစ်ဦးက ဖေဖော်ဝါရီ ၂၄ ရက်တွင် တရားစွဲဆိုခဲ့ရာ တရားရင်ဆိုင် ခဲ့ရသည်မှာ ခြောက်လကျော်ခဲ့ပြီ ဖြစ်သည်။
 
 
အေးချမ်းမွန်................မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map