<div style='background-color: none transparent;'></div>

Home » » မလေးရှား

မလေးရှား


ဒီနေ့တော့ အင်မတန်မှ ကြက်သရေမင်္ဂလာ အပေါင်းခညောင်းတဲ့ သတင်းကောင်းကြိးတခုကို တွေ့ရကြားရလို့ ပြောမပြနိုင်အောင် ရွှေညီငယ်ညီမငယ်တို့အတွက် ၀မ်းသာအားရဖြစ်မိပါတယ် ...။ ၀မ်းသာလွန်းလို့ သတင်းကို ချက်းချင်းသိစေလိုတဲ့စေတနာဇောတွေကြောင့် မူရင်းအတိုင်း တိုက်ရိုက် ကော်ပီရော လင့်ပါတင်ပေးလိုက်ပါတယ် ဒါပေမယ့် တချိုညီငယ်ညီမငယ်များအတွက် နားလည်မှုလွဲမှာစိုးတဲ့အတွက် တတ်နိုင်သမျှ အကျဉ်းချုပ် နားလည်သလို ဘာသာပြန်သတင်းအဖြစ် တင်ဆက်ပေးလိုက်ပါပြိ ကျွမ်းကျင်သူများကလဲ တိုက်ရိုက်ဘာသာပြန်ပေးကြဖို့တောင်းဆိုပါတယ် ။
အားတက်စရာ မင်္ဂလာသတင်းပါ တပါတ်လုံးလုံး တအုံးနွေးနွေး သောက စိုရိမ်ကြောင့်ကြစိတ်တွေနဲ့ နေ့ညတွေကို တထိပ်ထိပ် တလန့်လန့်နဲ့ ကျော်ဖြတ်နေကြရတဲ့ ကလေးတွေ အတွက် ကောက်ရိုးလေးတမျှင်တော့ အားကိုးရာရပါပြိ The Star သတင်းစာကြိးမှာ ပြည်ထဲဝန်ကြိး Datuk Seri Dr Ahmad Zahid Hamidi ကိုယ်တိုင်က နိုင်ငံခြားအလုပ်သမားတွေ မရှိမဖြစ်လိုအပ်ပါတယ်လို့ ထုပ်ပြောလာပါပြိ ။
ပြိးခဲ့တဲ့ တနင်္ဂနွေနေ့စတင်ဖမ်းဆီးလာတာ တရားမ၀င်လုပ်သား ၅၀၀၀ ကျော် အဲဒိထဲက တချိုတ၀က်ကို သက်ဆိုင်ရာတိုင်းပြည်ကို ပြန်ပို့လိုက်ပါပြိတဲ့ (ချက်ချင်းပြန်ပို့ခံရတာက အင်ဒိုနီးရှားတွေပါ သူတို့အစိုးရက အဲလိုအားကိုးရတာ)
နိုင်ငံခြားသားအလုပ်သမားများကို မဖြစ်မနေလိုအပ်တဲ့အတွက် အလုပ်သမားများအတွက် 6p အစီအစဉ်အောက်ကနေ register ပြန်လုပ်ပြိး တရားဝင်လုပ်သားဖြစ်အောင် ပြန်လည် လုပ်ဆောင်ပေးမယ်လို့ အစည်းအဝေးက ဆုံးဖြတ်ပြိးကြောင်းဆိုပါတယ် ။
ဖမ်းဆီးမိတဲ့ တရားမ၀င်လုပ်သားတွေရဲ့ထွက်ဆိုချက်အရ တချိုတွေက 6p အစီအစဉ်မှာ Outsourcing Companies တွေကို ရင်းကစ် ၃၀၀၀ ကနေ ၈၀၀၀ ပေးရပေမယ့် ပါမစ်မရဘဲ အိုဗာစတေဖြစ်နေရတာတွေကို စစ်ဆေးတွေ့ရှိရတယ်လို့ဆိုပါတယ် ။ အဲလိုလုပ်သားတွေကို အပြစ်ပေးဖို့ မဖြစ်နိုင်ပါဘူးလို့လဲ ဆိုပါတယ် 6p မှာ register တင်ငွေပေးပြိး ပါမစ်မကျသူ မရသူတွေကို အပြစ်ပေးဖို့မဖြစ်နိုင်သလို Outsourcing Companies များကိုလဲ တစုံတရာ အရေးယူဆောင်ရွက်ရမယ်လို့ ဆိုပါတယ် ။
သတင်းစာမှာပါတာ ဒီလောက်ပါပဲ နားလည်သလိုဘာသာပြန်ပြိး နားလည်လွယ်အောင် ပြန်ရေးပြတာပါ Immigration အတွင်းက အရာရှိတယောက်ဆီက ခိုင်လုံတဲ့ သတင်းအရတော့ 6p အစီအစဉ်ကို ပြန်စပြိး စာအုပ်ရှိသူတွေကို ပါမစ်ပြန်လည်ချထားပေးမယ်လို့ သတင်းတိတိကျကျရထားပါတယ် ။ ဒီတကြိမ်တော့ ရွှေညီငယ် ညီမငယ်တို့ရေ မြန်မာအချင်းချင်းမို့ လက်တို့လိုက်အုံးမယ် ဖြစ်နိုင်သမျှ ရှောင်ကြဉ်ကြစေလိုပါတယ် ရွှေအေဂျင်စီကြိးတွေကိုပါ သေချာတဲ့ Outsourcing Companies တွေကို သေချာစုံစမ်းပြိး တိုက်ရိုက်ကိုယ်တိုင် ကြိုးပမ်းကြစေလိုပါတယ် အစိုးရကိုယ်တိုင် ဘယ်ကုမ္ပဏီတွေမှာ လုပ်ရမယ်ဆိုတာ ကြေညာချက်ထုပ်ပြန်ပါလိမ့်မယ် အစိုးရကြေညာတဲ့ ကုမ္ပဏိဆီကို ကိုယ်တိုင်ချီတက်နိုင်အောင် ကြိုးစားကြပါ ဒိအစီအစဉ်သစ်အတွက် တိုက်သလောက် အချိန်ယူရမှာဖြစ်လို့ မိမိတို့ဘက်ကလဲ ရသမျှငွေကြေးလေးစုဆောင်းထားကြပါလို့ တိုက်တွန်းရင်း ။ တိုက်ရိုက်ဘာသာပြန်လိုအပ်ရင် ကွန့်မင်ပေးထားပါ မနက်လင်းရင်း ကြိုးစားပေးပါမည်။
ကိုယ်စိတ်နှစ် ကျမ်းခန့်သာ ၀မ်းသာကြပါစေ
အရှင်နာရဒ
 
 
fb..............မှ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map